Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၁

မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC- S (Mon) ဦးဆောင်မှုဖြင့် KNU၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အပါအဝင် ဌာနဆိုင်ရာ တချို့ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း JMC-S (Mon) မှ သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၁၂ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ရာ ဖွင့်ပွဲ အပါအဝင် ဗိုလ်လုပွဲအထိ ပွဲပေါင်း ၉ ပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြိုင်ပွဲဝင် အသင်းများတွင် မွန်ပြည်နယ် ထွေအုပ်၊ KNU တပ်မဟာ (၁)၊ တပ်မတော် (၆) ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ မွန်ပြည်နယ် ရဲတပ်ဖွဲ့၊ မော်လမြိုင် Old Star တို့ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။

ထိုပြိုင်ပွဲအတွက် ကွင်းဝင်ကြေးကို အခမဲ့ သတ်မှတ်ထားပြီး ဖွင့်ပွဲနှင့် ဗိုလ်လုပွဲကို လာရောက် ကြည့်ရှု့ကြမည့်သူများကို JMC T-Shirt ဖြန့်ဝေပေးမည်ဖြစ်သည်။

ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်၌ မော်လမြိုင်မြို့ရှိ ရွှေနတ်တောင် အားကစားကွင်မှာ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ထိုနေ့တွင် မွန်ပြည်နယ် ထွေအုပ်နှင့် KNU တပ်မဟာ (၁)တို့က ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါသည်။

Hinthar Digital Team

Advertisements
<

Leave a Reply