????????????????

News Federal Times

ကျိုင်းတုံ၊ မေ (၉) ရက် ။      ။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ဖခင်အား ထင်းချောင်းဖြင့် ရိုက်နှက်ပြီး ထွက်ပြေး တိမ်းရှောင် နေသည့် သားဖြစ်သူကို စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှ သိရှိရသည်။
ဖခင်ကို ထင်းချောင်းဖြင့် ရိုက်နှက်ပြီး သွေးများနှင့် လဲကျနေသော ဖခင်ကို ပစ်ထားခဲ့သည့်သားဖြစ်သူကို မိခင်က ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ရာ မေ ၉ ရက်၊ နံနက်(၁)နာရီခွဲတွင် သားဖြစ်သူကို မူးယစ်ဆေးဝါးများနှင့် အတူ တွေ့ရှိဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းရွာတွင် မေ ၈ ရက်က မိခင်ဖြစ်သူ ဒေါ်နာ လယ်သည် တောင်ယာလုပ်ငန်းခွင်လုပ်ကိုင်နေရာမှ အိမ်သို့ရောက်ရှိနေသည့် ဧည့်သည်၏ အကြောင်းကြား ချက်အရ ၎င်း၏ နေအိမ်သို့ပြန်လာခဲ့ရာ နေအိမ်ရှေ့ခြံစည်းရိုးအနီးတွင် ရိုက်နှက်ခံရသော ဒဏ်ရာများနှင့် လဲကျ နေသည့်ခင်ပွန်းကို တွေ့မြင်ခဲ့ရသည်။
ခင်ပွန်းကို အိမ်နီးချင်းများ၏အကူအညီဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ည(၁၁)နာရီ ကျော်တွင် ကျိုင်းတုံမြို့မရဲစခန်း၌ သားဖြစ်သူအားအရေးယူပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။
အမှုအား ကျိုင်းတုံမြို့မရဲစခန်းမှ (ပ)၇၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅ ဖြင့် လက်ခံထားပြီးနောက် အခင်း ဖြစ်ချိန်တွင် နေအိမ်သို့အလည်ရောက်နေသောဧည့်သည်အား စစ်ဆေးမေးမြန်းချက်အရ ဒေါ်နာလယ်နှင့် ခင် ပွန်းဖြစ်သူ ဦးဆာဂျီတို့၏သားဖြစ်သူ ကျစိုး(ခ)အားဆို၊ အသက်(၂၄)နှစ်သည် နေအိမ်ရှိမိသားစုသုံး ပလပ်စတစ် ရေပုံးအားရိုက်ခွဲသဖြင့် ဖခင်ဖြစ်သူက ၎င်း၏သားကို တုတ်ဖြင့်လိုက်လံရိုက်နှက်ရာ ထွက်ပြေးသွားခဲ့ပြီးနောက် ဖခင်ဖြစ်သူ အလစ်အငိုက်အချိန်၌ ထင်းချောင်းတုတ်ဖြင့် ပြန်လည်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သားဖြစ်သူ၏ရိုက်နှက်မှုကြောင့် ဖခင်ဖြစ်သူ၏ နှာခေါင်း၊ ပါးစပ်နှင့် နားတို့မှ သွေးထွက်ဒဏ်ရာများရရှိသဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေရကြောင်း သိရသည်။
“သူ့အမေ အမှုလာဖွင့်ပြီးချိန်မှာပဲ ချက်ချင်း သူသွားလာတတ်တဲ့နေရာတွေကို စုံစမ်းတော့ ကျိုင်းတုံတက္ကသိုလ် နောက်က ဝစီပိတ်ဘုန်းကြီးကျောင်း အတက်တောင်စောင်းနေရာတွေကို ရပ်ကျေးသက်သေများနဲ့အတူ လိုက် ရှာခဲ့ပါတယ်။ သတင်းရတဲ့နေရာအနီးတစ်ဝိုက်ကို ရဲတပ်ဖွဲ့ဝင်တွေက ဖြန့်ခွဲပိုက်စိတ်တိုက်ရှာတော့ ရထားသံလမ်း ဟောင်းအနီးက တောစပ်မှာ စိတ်ကြွမူးယစ်ဆေး(၅)ပြားနဲ့အတူ ဆေးရှုကိရိယာတွေနဲ့ ကျစိုးကို ဖမ်းမိခဲ့ပါတယ်။” ဟု ကျိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းတပ်ကြပ် သန်းဇော်ကပြောသည်။
ဖမ်းဆီးရမိသော ကျစိုး(ခ)အားဆိုအား ကျိုင်းတုံမြို့မ ရဲစခန်းမှ(ပ)၄၈/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့် ထပ်မံအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

MMK

Leave a Reply