News Federal Times

လားရှိုး၊ မေ ၃၀ ။       ။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုအတွက် ဗွီးရှင်းဖန်(ထ်) မြန်မာ ရုံးခွဲအား ရပ်ကွက်(၁၀)၊ ဘူတာလမ်း၊ ရန်အောင်မြင်ဘုရားအနီးတွင် မေ ၃၀ ရက်၊ နံနက်ပိုင်းက ဖွင့်လှစ် လိုက်ကြောင်း သိရှိရသည်။
ဗွီးရှင်းဖန်(ထ်)မြန်မာနှင့် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ(LIFE)တို့ ပူးပေါင်းကာ လားရှိုးမြို့၌ အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုများပေးနိုင်ရန်ရည်ရွယ်၍ ရုံးခွဲဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရ သည်။
“ဗွီးရှင်းဖန်(ထ်)မြန်မာရဲ့ လားရှိုးမှာလုပ်ဆောင်နေတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို လားရှိုးမှာရှိတဲ့ပြည်သူလူထုနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေ သက်ဆိုင်ရာအားလုံးကိုသိစေချင်တဲ့ရည်ရွယ်ချက်နဲ့ ဖွင့်ပွဲလုပ်ရတာပါ။”ဟု ဗွီးရှင်းဖန်(ထ်)မြန်မာမှ လုပ်ငန်းအကောင်ထည်ဖော်ဆောင်ရေးမန်နေဂျာ စောအယ်ဒိုကပြောသည်။


လားရှိုးမြို့ရှိကလေးသူငယ်များနှင့် မိသားစုဘဝများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ အမျိုးသမီးများ၏ စွမ်း ဆောင်ရည်မြင့်မားလာစေရန် လက်လှမ်းမီသော အသေးစားချေးငွေအစီစဉ်ကိုလုပ်ဆောင်နိုင်ရန်အတွက် ရည် ရွယ်ကာ ၂၀၁၆ ခုနှစ် ဧပြီလမှ စတင်၍ မြန်မာနိုင်ငံအဝှမ်း ရုံးခွဲများဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရုံးကတော့ ၂၀၁၆ ခုနှစ်မှာ စလုပ်ပါတယ်။ ရပ်ကွက်တွေ၊ ကျေးရွာတွေမှာရှိတဲ့လူတွေထိ အဓိကထားပြီးဆက် သွယ်ပြီးလုပ်ဆောင်ပါတယ်။ စဖွင့်ချင်းမှာပဲ ဘာလုပ်မယ်၊ ညာလုပ်မယ်ပြောပေမယ့် တကယ်လက်တွေ့မှာ ဖြစ် မလာခဲ့ဘူး။ ဒါပေမဲ့ တစ်နှစ်လောက်ကြာမှာ ဖွင့်လိုက်တဲ့အခါမှာ လက်ရှိမှာချေးငွေထုတ်တဲ့လူပေါင်း (၂၀၀၀) ကျော်ရှိသွားပါပြီ။”ဟု စောအယ်ဒိုကပြောသည်။
ဗွီးရှင်းဖန်(ထ်)မြန်မာရုံးခွဲ၊ အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုမှ အတိုးနှုန်းသက်သာစွာဖြင့် ဝင်ငွေနည်းပါး သော မိသားစုများနှင့်၊ အရင်းအနှီးနည်းသော တစ်ပိုင်တစ်နိုင် လုပ်ငန်းလုပ်ကိုင်လိုသူ မိသားစုများအား ချေးငွေ ထုတ်ပေးကာ ယင်းမိသားစုများ၏ လူမှုစီးပွားရေးဆိုင်ရာလိုအပ်ချက်များ တိုးတက်လာစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
အသေးစား ငွေရေးကြေးရေးဝန်ဆောင်မှုအတွက် ဗွီးရှင်းဖန်(ထ်) မြန်မာရုံးခွဲကို ကချင်၊ ကယား၊ ကရင်နှင့် ရှမ်း ပြည်နယ်တို့တွင် ရုံးခွဲ(၉)ခုဖွင့်လှစ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

MMK

Leave a Reply