News Federal Times

တောင်ကြီး၊ မေ (၁၅) ရက် ။       ။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ မိုင်းစကျေးရွာနှင့် ပုန်းစုတ်ကျေးရွာရှိ ပအိုဝ်း တိုင်းရင်းသားများကို RCSS/SSA မှ တပ်သားစုဆောင်းရေးတွက် ရွာသားလာတောင်းသဖြင့် မေ ၁၂ ရက်မှ စတင်၍ (၁၀)မိုင်ဝန်းကျင်ဝေးသည့် နာဟီးကျေးရွာသို့ ရွာလုံးကျွတ်တိမ်းရှောင်နေရကြောင်း သိရှိရသည်။
အဆိုပါ စစ်သားစုဆောင်းရေးကို ယခင်က မကြာခဏကြုံလေ့ရှိပြီး စုဆောင်းခြင်း မလုပ်သည်မှာ (၄)နှစ် ဝန်းကျင် ကြာမြင့်နေပြီဖြစ်ကာ ဧပြီမှ စတင်ကာ လူတောင်းခံနေရခြင်းကြောင့် ရှောင်တိမ်းနေရပြီး သီးနှံစိုက်ပျိုး ချိန်နီးသဖြင့် ဒေသခံများ၏ စားဝတ်နေရေး၊ ပညာရေးကို ထိခိုက်လာနိုင်ကြောင်း ဒေသခံတို့က ဆိုသည်။
“ကျွန်တော်တို့ကို သူတို့တွက်စစ်သားပေးဖို့တောင်းပါတယ်။ ကျွန်တော်တို့မှာ ပေးစရာလည်း မရှိသလောက် အ ရွယ်ရောက်တဲ့ သူကလည်း ရှားတယ်။ ဘာလို့ဆို ဒီလိုအဖြစ်ပျက်မျိုးက မကြာခဏကြားနေရတော့ အရွယ် ရောက်တာနဲ့ ကိုယ့်ဒေသမှာ မနေရဲကြဘဲ ထိုင်းနိုင်ငံဘက်ကို အလုပ်ထွက်လုပ်ကြတယ်။ ကိုယ်ရင်ဝတ်ထားလို့ တောင် စိတ်မချရဘူး။ ဒီလိုပဲလာပြီး ဒုက္ခပေးနေတော့ မနေရဲတော့ဘူး။”ဟု ထွက်ပြေးလာသည့် မိုင်စကျေးရွာမှ ရွာသူကြီး ခွန်မောင်လွယ်ကပြောသည်။
ထို့အပြင် RCSS/SSA မှ မကြာခဏ ဆန်၊ ဆီ တောင်းခံခြင်း၊ တစ်အိမ်လျှင် ဆန်တစ်တင်းခွဲ တောင်းခံခြင်း၊ မ ပေးပါကခြိမ်းခြောက်ခြင်းတို့ ပြုလုပ်သဖြင့် အသက်အန္တယ်စိုးရိမ်ကာ တိမ်းရှောင်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


“စစ်သားမပေးနိုင်ရင် ဒီရွာမှာ မနေရဘူးလို့ပြောတယ်။ နေရာတိုင်းမှာ သူတို့လူတွေရှိတယ်။ အချိန်ပြည့် စောင့် ကြည့်နေကြတယ်။ ကြာတော့ရွာသားတွေမနေရဲဘူး။ ဒါနဲ့ဘဲထွက်ပြေးလာခဲ့ကြတာသုံးရက်ရှိပြီ။ နာဟီးရွာက အမျိုးတွေနဲ့ ရွာသားအားလုံးက အစစအရာရာကူညီပေးပါတယ်။ ကျွန်တော်တို့ အသက်အန္တရယ်စိုးရိမ်နေလို့ ကူညီပေးဖို့တောင်းဆိုတော့ ရွာလုံးကျွတ်ပြေးလာတာပါ။ ပစ္စည်းတွေနိုင်သလောက်သယ်ပြီး နာဟီးရွာကကားနဲ့ လာကြိုပေးပါတယ်။ အခုရှေ့ဆက်ပြီး ဘာလုပ်ရမယ်ဆိုတာကိုတော့မသိဘူး။”ဟု ခွန်မောင်လွယ်ကပြောသည်။
အဆိုပါဒေသသည် တပ်မတော်တပ်စခန်းများရှိဘဲ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေအဖွဲ့ချုပ်(PNLO)၏ ထိန်း ချုပ်ဒေသတစ်ခုဖြစ်ကာ အစိုးရနှင့် PNLO တို့အကြား ၂၀၁၅ ခုနှစ်တွင် NCAသဘောတူလက်မှတ်ရေးထိုးထား ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ရွာကိုရောက်တာ သုံးရက်ရှိပါပြီ။ အိပ်တာတော့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းခွဲပြီး အိပ် ခိုင်းပြီး ကျောင်းမှာရှိတာရော ရွာထဲမှာရှိတာနဲ့ ဆန်တစ်ဗူးပဲရှိရှိ ရှိတာနဲ့ဝေမျှစားဖို့ပဲ ကူညီရမှာပေါ့။ အခုလော လောဆယ် စားသောက်ရေးအခတ်ခဲရှိတာပေါ့။ လူကများတာကိုး၊ နှစ်ရွာပေါင်းလိုက်ရင် လူဦးရေ (၂၀၀) ဝန်း ကျင်ရှိတယ်။ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေများတယ်။”ဟု နာဟီးကျေးရွာမှ ရွာသူကြီး ဦးမောင်ဘိုးက ပြောသည်။
PNLO အနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ NCA ငြိမ်းချမ်းရေလုပ်ငန်းစဉ်ဝင်သည့် အဖွဲ့အစည်းများကို အကူညီတောင်ခံကာ ကူညီပေးသာွးမှာဖြစ်ကာ လက်ရှိတွင် တိမ်းရှောင်လာသည့် ဒေသခံများကို ရပ်မိ ရပ်ဖ များနှင့်အတူ ကူညီပေးနေကြောင်း PNLO မှ ဒုတိယ ဥက္ကဌ ခွန်သူရိန်ကပြောသည်။
“ထွက်ပြေးလာတဲ့ ရွာသားတွေဆီကနေ သတင်းကြားရတယ်။ ဒါနဲ့ရွာသားတွေကို ဘယ်လိုအကူညီပေးနိုင်မလဲ အရင်စဉ်းစားတယ်။ လွန်ခဲ့တဲ့ကာလတွေမှာ ဒီလိုအဖြစ်မျိုးတွေ မကြာခဏဆိုသလိုကြားခဲ့ရတယ်။ ဒါပေမဲ့ဘယ် သူမှ ဖြေရှင်းတဲ့အထိမရောက်ခဲ့ဘူး။ ဒီရွာမှာ လာတောင်းရင် သူတို့နဲ့ဝေးတဲ့ နောက်တစ်ရွာပြောင်းနေကြတယ်။ အိုးအိမ်၊ လယ်ယာ လုပ်လက်စတွေထားခဲ့ပြီး သူတို့ဘဝအသစ်ပြန်စနဲ့ ဒီလိုနဲ့နှစ်ရှည်လများကျင်လည်ခဲ့ရတဲ့ ဒီေ ဒသကလူအများစုမှာ ပညာတတ်နည်းပါတယ်။ လွန်စွားစိတ်မကောင်းဖြစ်မိပါတယ်၊ ကျွန်တော်တို PNLO အဖွဲ့ အစည်းအနေနဲ့ကတော့ ဒုက္ခရောက်နေတဲ့ရွာသားတွေရဲ့ဆန္ဒပါပဲ။”ဟု ခွန်သူရိန်ကပြောသည်။
စစ်သားစုဆောင်းခြင်းကြောင့် ထွက်ပြေးလာသည့် ကျေးရွာ(၂)ခုမှ လူဦးရေ(၂၀၀)ဝန်းကျင်တွင် ကျောင်းနေက လေး(၂၀)ဦးဝန်းကျင်၊ သက်ကြီး၊ နာမကျန်းလူနာများနှင့် အမျိုးသမီးများအဆုံးပါဝင်နေကာ နေထိုင်ရေးနှင့် စားသောက်ရေးအတွက် အခက်ခဲရှိနေကြောင်း သိရသည်။

MMK

Leave a Reply