News Federal Times

ပုသိမ်၊ မေလ ၂၂ ရက် ။      ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်ကမ်းခြေ၊ ရေသိုးကျွန်းသောင်ပြင်တွင် မေလ(၂၀)ရက်၊ ည (၈) နာရီခန့်တွင် ရန်ကုန်-ပုသိမ်ပြေးဆွဲသည့် ယာဉ်လိုင်းတစ်လိုင်း၏ တီရှပ်အကျီ ၤအစိမ်းရောင်လက်တို ဝတ်ထားပြီး ပုပ်ပွနေသည့် လူသေအလောင်းတွေ့ရှိခဲ့ကြောင်း ငွေဆောင်နယ်မြေရဲစခန်းမှ သိရှိရသည်။
အဆိုပါ ပုပ်ပွနေသည့် အလောင်းမှာ ပင်လယ်ထဲတွင် (၁၅)ရက်မှ (၂၅)ရက်အထိ မျောပါနေသည့် အလောင်း ဟု ခန့်မှန်းထားပြီး ချောင်းသာကမ်းခြေဘက်မှ မျောပါလာသည်ဟု ယူဆကြောင်း ငွေဆောင်နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မျိုးနိုင်က ပြောသည်။
“အကုန်လုံးက အရိုးကျနေပြီဆိုတော့ လက်ဗွေလည်း ယူလို့မရတော့ဘူး။ ထင်ရှားတဲ့အမှတ်အသားလည်း ဘာမှမရှိဘူး။ သူဝတ်ထားတဲ့ အကျီ ၤကိုပဲ မှန်းလို့ရတာက တော်တော်လည်းကောင်း နေသေးတယ်။ အစွန်း အထင်းတောင်မရှိဘူး။ ရွှေမင်္ဂလာ ပုသိမ်-ရန်ကုန်ကားဂိတ်က လူတွေဝတ်တဲ့ စာတမ်းပါ အကျီ ၤဖြစ်နေတယ်။”ဟု ငွေဆောင်နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မျိုးနိုင်က ပြောသည်။
အဆိုပါ အလောင်းတွေ့ရှိမှုနှင့် ပတ်သက်၍ ရွှေမင်္ဂလာ အဝေးပြေးကားလိုင်းသို့ဆက်သွယ်ထားပြီး ဝန်ထမ်းများတွင် ပျောက်ဆုံးခြင်း ရှိမရှိ ဝန်ထမ်းအင်အားလျော့၊ မလျော့စုံစမ်းနေကြောင်း သိရသည်။


“ကားဂိတ်စာတန်းပါ အကျီ ၤဆိုတာက ဂိတ်ကနေ လက်ဆောင်အဖြစ် နီးစပ်ရာကို ဝေနေကြပါ။ အဲ့ဒီ အကျီ ၤ ဝတ်ထားတာနဲ့ပဲ ကျွန်တော်တို့ကားဂိတ်ကဝန်ထမ်းဖြစ်မယ်လို့တော့ မထင်စေချင်ပါဘူး။”ဟု ရွှေမင်္ဂလာ အဝေးပြေး ယာဉ်လိုင်းမှ ကားလက်မှတ်အရောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါ အလောင်းအား ငွေဆောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ငွေဆောင်နယ်မြေရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ် ၈/၂၀၁၇ ဖြင့် ရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မေလ(၁၉)ရက်၊ နံနက်ပိုင်းတွင်လည်း ငွေဆောင်ကမ်းခြေတွင် ပုပ်ပွသေဆုံးနေသော အလောင်းတစ်လောင်း သောင်တင်နေသဖြင့် စုံစမ်းခဲ့ရာ ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာမှ အသက်(၃၄)နှစ်အရွယ် အမျိုးသား တစ်ဦး၏ အလောင်းဖြစ်ပြီး မေလ(၈)ရက်က ငါးပိုက်ထောင်ရင်း ပင်လယ်ထဲပြုတ်ကျပျောက်ဆုံးနေသူ ဖြစ်ကြောင်း ငွေဆောင်မြို့မရဲစခန်းမှ သိရသည်။

MMK

 

Leave a Reply