News Federal Times

ရန်ကုန်၊ မေ ၂၂ ရက် ။         ။ ကုန်စည်စီးဆင်းမှုများပြုလုပ်ရာ၌ ကုန်ကျစရိတ်လျော့နည်းပြီး လျင်မြန်မှုရှိစေရန် အထူးစီးပွားရေးဇုန်သစ်တစ်ခု ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားလိုက်သည်။

ဒလမြို့နယ်အားအခြေပြု၍ ပင်လယ်ပြင်ကို မျက်နှာမူကာ ဆိပ်ကမ်းတည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါဆိပ် ကမ်းကို စီးပွားရေးဇုန်အဖြစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက် မှု လုပ်ငန်းရှင်များအသင်းချုပ်၌ မေ ၂၀ ရက်ကပြုလုပ်သည့် ဆဌမအကြိမ်မြောက် နိုင်ငံတော်ဒုတိယသမ္မတ(၁) နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မှာ အထူးစီးပွားရေးဇုန်တွေ ထပ်မံတည်ဆောက်မယ်ဆိုရင် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေ ဝင်လာနိုင် မယ့်အခြေအနေတွေရှိပါတယ်။ ဒါကိုလည်း ပြည်ထောင်စုလွှတ်တော်ကို တင်ပြဖို့အတွက် တိုင်းဒေသကြီးအစိုးရ ဖက်ကနေ ပြည်ထောင်စုကို အဆိုပြုသွားမှာဖြစ်ပါတယ်။ စီးပွားရေးဇုန်ဟာ ပြည်ထောင်စုအက်ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ့်အခြေအနေဖြစ်ပါတယ်။ ဥပမာ- ရေလမ်းကြောင်းမှာဆိုရင် သီလဝါကနေ လှိုင်သာယာကို သယ်မယ်ဆို (၂၂)မိုင်လောက်ပဲရှိပါတယ်။ ကုန်းလမ်းကြောင်းကနေသယ်မယ်ဆိုရင် မိုင်(၄၀)လောက်ရှိပါ တယ်။ ဒါ့ကြောင့် ကုန်စည်စီးဆင်းမှုပိုပြီးမြန်ဆန်အောင် ခုလိုဆိပ်ကမ်းတွေတည်ဆောက်ပြီး စီးပွားရေးဇုန်တွေ ပြုလုပ်သွားမယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

လက်ရှိတွင် နိုင်ငံ၏ ထုတ်ကုန်ကဏ္ဍ တိုးမြှင့်လာသည်နှင့်အမျှ နိုင်ငံတကာရင်းနှီးမြုပ်နှံမှု တိုးတက်လာမည် ဖြစ်ရာ ဆိပ်ကမ်းများ၌ ကုန်စည်များစွာ ထုတ်လုပ်နိုင်ရန်လိုအပ်ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အထူးစီးပွားရေးဇုန်များ တည်ဆောက်နိုင်မည်ဆိုပါက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဖြန့်ကျက်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

“တိုင်းပြည်ရဲ့ပို့ကုန် တိုးတက်ဖို့ဆိုရင် ထုတ်ကုန်များများရှိဖို့လိုတယ်။ လက်ရှိမှာလည်း တချို့နေရာတွေမှာ လုပ် ငန်းရပ်တန့်သွားတာကြောင့် ပို့ကုန်ကျသွားတာတွေရှိပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးဖက်က တိုးတက်လာတဲ့အ တွက် ကုန်ထုတ်လျော့သွားတာကို ကာဗာဖြစ်သွားပါတယ်။”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်ကပြောသည်။

ကုန်စည်စီးဆင်းမှုလုပ်ငန်းတစ်ခုတွင် ကုန်ကျစရိတ်(၃၀)ရာခိုင်နှုန်းမှာ သယ်ယူပို့ဆောင်ရေးစရိတ်ဖြစ်နေခြင်း ကြောင့် ယင်းကုန်ကျစရိတ်ကို အသက်သာဆုံးလျှော့ချစေနိုင်မည့်နည်းလမ်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း ကုန်စည်သင်္ဘောများဝင်ရောက်နိုင်မည့်ဆိပ်ကမ်းများကိုလည်း တည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆိပ်ကမ်းများ၌ ညဖက်တွင် မှောင်ခိုကုန်စည်သင်္ဘောများ ဝင်ရောက် နေမှုကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။

MMK

Leave a Reply