News Federal Times

မန္တလေး၊ မေ ၃၁ ။          ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံသို့ လီဆူလူမျိုးများ ကိုယ်စားတက်ရောက်၍ မေ ၃၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့သို့ ပြန်လည်ရောက်ရှိလာသူများကို ဒေသခံလီဆူ တိုင်းရင်းသားများက ကြိုဆိုခဲ့ကြောင်း သိရှိရသည်။
၂၁ ရာစုပင်လုံညီလာခံသို့ နိုင်ငံရေးပါတီအနေဖြင့် တက်ရောက်ခွင့်ရရှိပြီး ယင်းညီလာခံတွင် တိုင်းရင်းသား ပေါင်းစုံနှင့် တွေ့ဆုံရင်းနှီးခွင့်ရသဖြင့် ဝမ်းသာပီတိဖြစ်ရကာ တိုင်းရင်းသားအခွင့်အရေးဆုံးရှုံးနေခြင်းများကို လည်း တင်ပြဆွေးနွေးခွင့် ရရှိခဲ့ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ အတွင်းရေးမှူး ဒေါ်ခင်မာဦးက ပြောသည်။
“၂၁ ပင်လုံအနေနဲ့ လီဆူလူမျိုးတက်ရောက်ခွင့်ရတာ ဝမ်းသာဂုဏ်ယူစရာကောင်းပါတယ်။ (၁၃၅)လူမျိုးတိုင်း ရင်းသားထဲမှာ တိုင်းရင်းသားလူမျိုးဆိုတာ ကမ္ဘာသိအောင်၊ ရတဲ့အခွင့်အရေးကို ပြည့်ဝရနိုင်ပြီးတော့ ညီလာခံ မှာ ဆက်ပြီးတော့ ဆုံးရှုံးနေတဲ့အခွင့်ရေးတွေ၊ အဲဒါတွေကိုတင်ပြခွင့်ရတယ်။ ညီလာခံလုပ်ပေးတဲ့ နိုင်ငံတော်အ ကြီးအကဲတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။”ဟု ဒေါ်ခင်မာဦးကပြောသည်။


ညီလာခံတက်ရောက်ခဲ့သည့် ဒူးလေးပါတီ(ဗဟို)မှ နာယကနှင့် မိုးကုတ်မြို့နယ်ဒူးလေးပါတီဥက္ကဌအား ကြိုဆို ခြင်းကို မိုးကုတ်မြို့ရှိ ကြပ်ပြင်ဈေးရှေ့တွင် ပြုလုပ်ခဲ့ပြီး လီဆူတိုင်းရင်းသားများနှင့် ဒူးလေးပါတီမှ တာဝန် ရှိသူများက ပန်းစည်းများဖြင့် ကြိုဆိုခဲ့ကြသည်။
“အဲဒီမှာသွားတော့ တိုင်းရင်းသားလူမျိုးတွေနဲ့တွေ့ရတယ်။ ဒီလိုတက်ခွင့်ရတယ်၊ ဆွေးနွေးခွင့်ရတယ်၊ လက်မှတ် ထိုးခွင့်ရတယ်၊ ကျွန်တော်တို့လူမျိုးတွေ ဆွေးနွေးခွင့်ရလို့ နိုင်ငံတော်ကိုကျေးဇူးတင်တယ်။”ဟု လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ ဗဟိုနာယက ဦးအောင်သိန်းက ပြောသည်။
လက်ရှိကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် လူမူရေးကဏ္ဍ(၁၀)ချက်၊ မြေယာကဏ္ဍ(၄)ချက်၊ စီးပွားရေးကဏ္ဍ(၁၂)ချက်စသည့်တို့ အပါအဝင် စုစုပေါင်း(၃၇) ချက်ကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကာ ကျန်ရှိနေသည့်(၄)ချက်ကို နောက်လာမည့်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


MMK

Leave a Reply