News Federal Times

မိုင်းဖြတ်၊ မေ ၃၁ ။       ။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်တွင် ကားတစ်စီးအား မူးယစ်ဆေးဝါးသတင်းအရ တားဆီးစစ်ဆေး စဉ် ယာဉ်မောင်းဖြစ်သူက အတူပါလာသည့်လူငယ်တစ်ဦးကို ကားပေါ်မှ ကန်ချ၍ မောင်းပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဝမ်ယမ်းမိုင်ရွာအနီး၊ နမ့်ပန်ချောင်းတံတားထိပ်တွင် မေ ၂၉ ရက်ညပိုင်းက သတင်းအရ စောင့်ဆိုင်းနေစဉ် မိုင်း ခုတ်မြို့နယ်ဘက်မှ မိုင်းဖြတ်မြို့နယ်သို့ဝင်လာသည့် VIGO အနက်ရောင်ယာဉ်အား တားဆီးစဉ် ယင်းကဲ့သို့ ပြု လုပ်ခဲ့ခြင်းဖြစ်သည်။
ကားပေါ်မှ ကန်ချခံရသည့်လူငယ်မှာ မြေပေါ်သို့ကျစဉ် ဘယ်ဘက်ဒူးဆစ်အား ကားနောက်ဘီးဖြင့် ဖြတ်ကြိတ်ခံ ရသဖြင့် ခြေထောက်ကျိုးသွားခဲ့သည့်အပြင် ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်း(၁၇၀)ကျော်ဖိုးကို ဖမ်းဆီးရမိခဲ့သဖြင့် အရေးယူထားကြောင်း သိရသည်။


“တားမြစ်ဖို့လုပ်ရာကနေ ကားပေါ်က ကန်ချခံရသူကို လက်ရဖမ်းမိခဲ့ပြီး မူးယစ်ဆေးတွေနဲ့အတူ ဖမ်းမိတာဖြစ်ပါ တယ်”ဟု ဖမ်းဆီးမှုဖြစ်စဉ်တွင်ပါဝင်သော မိုင်းဖြတ်မြို့မရဲစခန်းမှ ဒုတိယစခန်းမှူး ရဲအုပ်ကိုကိုအောင်က ပြောသည်။
လက်ရိ ှဖမ်းဆီးရမိထားသူမှာ မိုင်းဖြတ်မြို့နယ်၊ မိုင်းဟဲအထက်ကျေးရွာအုပ်စု၊ နမ့်ဟွေလုံရွာတွင် နေထိုင်သော အသက်(၁၉)နှစ်အရွယ် မောင်အားဆာဆိုသူဖြစ်ကာ ၎င်းထံမှ ပလတ်စတစ်အနက်ရောင်ဖြင့် ထုပ်ပိုးထားသော WYစာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေး(၂၀၀)ပြားပါသော အထုပ်ပေါင်း(၅၇)ထုပ်၊ စုစုပေါင်း (၁၁၄၀၀)ပြားကို တွေ့ရှိခဲ့သည်။
အမှုအား မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ)၃/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေး ဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးလွတ်မြောက်သွားသူအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး ဆက်လက်စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

MMK

Leave a Reply