News Federal Times

ပဲခူး၊ မေ (၉) ရက် ။      ။ ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၇ ပထမလေးလပါတ်အတွင်း အမှုကြီး(၁၀)မျိုးအနက် လူသတ်မှုနှင့် မုဒိမ်းမှုမှာ အများဆုံးဖြစ်ပွားခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်သော စာရင်းဇယားများအရ သိရှိရသည်။
၂၀၁၇ ပထမလေးလပတ်ဖြစ်သည့် ဇန်နဝါရီလမှ ဧပြီလအထိ လူသတ်မှု(၅၂)မှု၊ မုဒိမ်းမှု(၄၈)မှု၊ လုယက်မှု(၂)မှု၊ တိရိစ္ဆာန်ခိုးမှု(၂)မှု၊ စုစုပေါင်း(၁၀၄)မှုဖြစ်ပွားခဲ့ရာ အခြားရာဇဝတ်မှုများထက် လူသတ်မှုနှင့် မုဒိမ်းမှုမှာအများဆုံး ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလတွင် ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း သိရသည်။


“မှုခင်းကျဆင်းရေးအတွက် အသိပညာပေးဟောပြောတာတွေကို သက်ဆိုင်ရာနယ်မြေခံရဲစခန်းနဲ့ မြို့နယ်ရဲ စခန်းတို့ ပူးပါင်းလုပ်တာပါ။ ကျေးရွာတွေအထိဆင်းပြီး ဒေသခံတွေနဲ့ တွေ့ဆုံတယ်။ ဥပဒေအသိပညာပေးလုပ် ငန်းတွေ လုပ်ဆောင်ပေးနေပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ မြို့နယ်၊ ကျေးရွာတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး မှုခင်းလျော့ နည်းကျဆင်းရေးကို ဆောင်ရွက်နေပါတယ်။”ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ယာယီရုံးအုပ် ရဲအုပ်ဝင်းမင်းထွေးက ပြောသည်။
ပဲခူးတိုင်းဒေသကြီးတွင် ပထမလေးလပတ်အတွင်းဖြစ်ပွားခဲ့သော အမှုများမှာ ခိုးမှု(၈၃)မှု၊ အခြားအမှုနှင့် နာကျင်စေမှု(၂၇၅၅)မှု၊ လက်နက်ပုံးမှု(၁၈၃)မှု၊ လောင်းကစားမှု(၁၆၃)မှု၊ မူးယစ်မှု(၂၀)၊ ပြည့်တန်ဆာမှု(၅)မှု၊ ယစ်မျိုး (၈၂၄)မှု၊ မော်တော်ယာဉ်မှု(၁၀၄၆၉)မှုတို့ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

MMK

Leave a Reply