News Federal Times

ရန်ကုန်၊ မေ(၉) ရက် ။       ။ ၂ဝ၁၇ ခုနှစ်အတွင်း ပြည်တွင်းပြိုင်ပွဲများနှင့် လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဂျပန်ကုမ္ပဏီ(၂)ခုတို့ စပွန်ဆာရရှိရန် စာချုပ်ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အဆိုပါကုမ္ပဏီ(၂)ခုနှင့် အသေးစိတ်ဆွေးနွေးနေခြင်းဖြစ်ပြီး စာချုပ်ချုပ်ဆို ရန် နီးစပ်သည့်အနေအထားတွင်ရှိကြောင်း သိရသည်။
“အခုချိန်မှာ အသေးစိတ်ပြောလို့မရပေမယ့် နီးစပ်တဲ့အနေအထားမှာရှိပါတယ်။ နှစ်ရှည်လက်တွဲသွားချင်တဲ့အ တွက်ကြောင့် အသေးစိတ်ညှိနှိုင်းနေတာပါ။”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ပြည်တွင်းအမှတ်ပေးပြိုင်ပွဲကိုလည်း အဓိကစပွန်ဆာကုမ္ပဏီမရှိဘဲ ပထမ အကျော့ ကျင်းပပြီးစီးခဲ့ပြီး ဒုတိယအကျော့ကို အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၏ ကုမ္ပဏီဖြစ်သည့် Max Cement မှ အဓိက စပွန်ဆာအဖြစ် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။


“နိုင်ငံခြားကုမ္ပဏီတွေနဲ့ စပွန်ဆာစာချုပ်ချုပ်ဖြစ်ရင် ကောင်းပါတယ်။ စပွန်ဆာမရှိဘဲ ကျင်းပနေရင် ရေရှည်အ တွက် မကောင်းဘူးထင်တယ်။ ဥက္ကဌ ဦးဇော်ဇော်လည်း ကြာရင် မလွယ်ဘဲဖြစ်လာမယ်။”ဟု မြန်မာဘောလုံး ပရိတ်သတ်တစ်ဦးဖြစ်သည့် ကိုဇော်လွင်က ပြောသည်။
၂ဝ၁၇ ခုနှစ်အတွင်း ပြည်တွင်းပြိုင်ပွဲများနှင့် လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများအတွက် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်သည် စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ခြောက်သန်းဝန်းကျင် သုံးစွဲရမည်ဖြစ် ခြင်ူကြောင့် စပွန်ဆာရရှိရန်လိုအပ်နေခြင်းဖြစ်သည်။

MMK

Leave a Reply