News Federal Times

နမ္မတူ၊ မေ ၉ ရက် ။      ။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ ဟင်ပုတ်အုပ်စု၊ ပန်ဆန့်ရွာသူနှစ်ဦးမှာ မေ ၈ ရက်က မိုင်းနင်းမိသ ဖြင့် ထိခိုက်ဒဏ်ရာရရှိကာ နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။
မိုင်းနင်းမိသူနှစ်ဦးမှာ ပန်ဆန့်ရွာမှ လက်ဖက်ခူးအပြီး နမ့်ခွန်ရွာသို့ ညနေ(၅း၃၀)နာရီခန့် လူသွားတောလမ်းမှ တဆင့်ပြန်လာစဉ် နမ့်ခွန်ရွာအနီးအရောက်တွင် မိုင်းနင်းမိရာမှ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပန်ဆန့်ရွာကနေ နမ့့်ခွန်ကိုသွားတာ။ တောလမ်း လူသွားလမ်းမှာ မိုင်းနင်းမိပြီးပေါက်ကွဲလို့ အသက်(၃၀)အ ရွယ်လောက် အမျိုးသမီးတစ်ယောက် ဘယ်ခြေထောက်ပြတ်သွားတယ်။ တစ်ယောက်က ပေါက်ပြဲဒဏ်ရာရ တယ်။ နမ္မတူဆေးရုံမှာကုနေရင်းကနေ ဒီနေ့(မေ ၉)ရက်မှာတော့ လားရှိုးဆေးရုံကိုပို့မယ်လို့ သိရပါတယ်။”ဟု နမ္မတူမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။


မိုင်းထိမှန်သူနှစ်ဦးအနက် ဒေါ်ဒါရှီကိုင်ထမ်း(၃၀)နှစ်မှာ ဘယ်ခြေကျင်းဝတ်မှပြတ်သွားခဲ့ပြီး နမ္မတူဆေးရုံ၌ ည တွင်းချင်းခွဲစိတ်ကုသမှုခံယူခဲ့ရကာ ဒေါ်ဘောက်လု(၆၀)နှစ်တွင် ပြင်းထန်သည့်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။
“အဲဒီနေ့မနက်ကလည်း နမ္မတူမြို့နယ် မိုင်းရင်ဘုန်းကြီးကျောင်းမှာ မိုင်းတစ်လုံးကိုဆော့ရင်းက မိုင်းပေါက်ကွဲလို့ ကိုရင်တွေဒဏ်ရာရပြီး လားရှိုးဆေးရုံမှာ ကုသနေပါတယ်။ တစ်ပါးကိုတော့ မန္တလေးကိုဆေးကုဖို့ မနေ့ကပို့ပေး ခဲ့ပါတယ်။’’ဟု လားရှိုးသွေးနှင့် လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
အဆိုပါနမ္မတူဆေရုံမှ လားရှိုးဆေးရုံသို့ပြောင်းရွေ့လာသော မိုင်းထိလူနာများမှာ မေ ၉ ရက် မွန်းလွဲ(၁)နာရီဝန်း ကျင်အထိ ရောက်ရှိမလာသေးကြောင်း လားရှိုးမြို့မရဲစခန်းမှ သိရသည်။

MMK

Leave a Reply