News Federal Times

ရန်ကုန် ၊ မေ ၉ ။      ။ ဝတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်သော ဝလက်နက်ကိုင် များပေါင်းစည်းရေး (WNO) က ဝတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပေါင်းစည်းရန်အတွက် UNFC မှနှုတ်ထွက်ရခြင်းဖြစ်ကြောင်း ဝ ဒီမို ကရက်တစ်ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်ဦးအိုက်ယွန်းက ပြောသည်။
WNO ၏ UNFC ထံသို့ပေးပို့မည့် စာတွင် ဝပြည်သူလူထုနှင့် ဝအဖွဲ့ အစည်းတို့မှလည်း ဝတိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများတစ်ဖွဲ့တည်းမက ကွဲပြားစွာရှိနေခြင်းအား တစ်ဖွဲ့တည်းအဖြစ် စုစည်းကြရန်တင်ပြတောင်းဆိုမှုရှိကြောင်း WNO ၏ ထုတ် ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ဦးအိုက်ယွန်းက “ကျွန်တော်တို့ ဝ လူမျိုးတွေနဲ့ ဝပါတီတွေကတော့ ဒီလို ပေါင်းစည်းရေးကို လိုလားတယ်။ ဝလူမျိုး တွေကတော့ ငြိမ်းချမ်းရေးကို လိုချင်ကြ တဲ့သူတွေပါ” ဟုဆိုသည်။


WNO၏ ထုတ်ပြန် ကြေညာချက် တွင် ယင်းသို့တစ်ဖွဲ့တည်း စုစည်းကြရန် တင်ပြတောင်းဆိုကြောင်း WNOအနေ ဖြင့်လည်း တစ်ဖွဲ့တည်းအဖြစ် ပူးပေါင်း စုစည်းသွားရန် ပြင်ဆင်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထိုကိစ္စအပေါ် ဝတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (UWSA) လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက “ကျွန်တော်ကတော့ ကြိုဆိုတယ်။ လူမျိုး တစ်မျိုးက တစ်ဖွဲ့တည်းရှိတာ ဒါက အ ကောင်းဆုံးပဲလေ။ ပေါင်းစည်းနိုင်မယ်ဆိုရင် အတိုင်းအတာတစ်ခုထိတော့ အင်အား အဖြစ်သော်လည်းကောင်း၊ ယုံကြည်မှု အဖြစ်သော်လည်းကောင်း၊ ကောင်းမယ့် အလားအလာတွေရှိပါတယ်”ဟု ဆိုသည်။
အစိုးရမှ NCA လက်မှတ်ရေးထိုးရန်ကမ်းလှမ်းထားသည့် ဝ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနှစ်ဖွဲ့ ဖြစ် သော WNO နှင့် UWSA တို့သည် လက်ရှိအချိန်ထိ NCA တွင် လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးပေ။

Written by : ဆုမင်းကို

Leave a Reply