မွန်ပြည်နယ်၊MCLဘိလပ်မြေစက်ရုံစီမံကိန်းအတွက်လိုအပ်သောတူးမြောင်းဖောက်လုပ်ခြင်း၊ ဆိပ်ကမ်းတည်ဆောက်ခြင်း စက်ရုံဧရိယာအတွင်းမြေသယ်ဖို့ခြင်းလမ်းဖောက်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့သည့်ကုမ္ပဏီများအားလုပ်ငန်းစရိတ်မပေးသဖြင့် လွှတ်တော်သို့လာရောက်တိုင်ကြားခဲ့ကြောင်းမွန်ပြည် နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးကဟင်္သာမီဒီယာသို့ပြောကြားသည်။mcl

ဘိလပ်မြေစက်ရုံတည်ဆောက်ရေးလုပ်ငန်းမှ လုပ်ငန်းဆောင်ရွက်ခငွေကျပ်သိန်းပေါင်း ၄ဝဝဝဝကျော်ပေးဆောင် ရန်ကျန်နေသည့်အတွက် Galaxy Power Group ကုမ္ပဏီအပါအဝင် အခြားသောတည်ဆောက်ရေးလုပ်ငန်းကုမ္ပဏီ ၇ခုကစက်ရုံသို့တင်ပြရာတာဝန်ယူဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိကြောင်း Galaxy Power Group ကုမ္ပဏီ၏ တိုင်ကြားစာအရသိရသည်။

“MCL တည်ဆောက်ရေးလုပ်ငန်းခွင်မှာအခကြေးငွေအများကြီးမရလို့လွှတ်တော်ကိုလာတိုင်တယ်၊ လုပ်ငန်းအားလုံးကပြီးနေပေမယ့် စက်ရုံကပိုက်ဆံမပေးဘူးလို့ သိရတယ်” ဟုဒေါက်တာအောင်နိုင်ဦးကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီးလုပ်ငန်းဆောင်ရွက်ခမရသေးသည့် ကုမ္ပဏီများကိုလွှတ်တော်မှ တွေ့ဆုံဆွေးနွေး မှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဒေါက်တာအောင်နိုင်ဦးကထပ်မံပြောဆိုသည်။

“ ဒီကိစ္စကို ပြည်နယ်အစိုးရကတိတိကျကျပြတ်ပြတ်သားသားဆောင်ရွက်ဖို့တော့ လွှတ်တော်ကနေတစ်ဆင့် တိုက်တွန်းရမှာပေါ့” ဟုဒေါက်တာအောင်နိုင်ဦးကဆိုသည်။

စက်ရုံတည်ဆောက်ရေးစီမံကိန်းတွင်ပါဝင်သည့် တူးမြောင်းဖောက်လုပ်ခြင်း၊သင်္ဘောဆိပ်ခံတည်ဆောက်ခြင်းနှင့် အထွေထွေငှားရမ်းအသုံးပြုခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သော်လည်းစက်ရုံမှလုပ်ငန်းစရိတ်များပေးချေနိုင်ခြင်းမရှိသဖြင့် လွှတ်တော်သို့တိုင်ကြားရခြင်းဖြစ်ကြောင်း Galaxy Power Group ကုမ္ပဏီ၏လွှတ်သို့
ပေးပို့ထားသောတိုင်ကြားစာတွင် ဖော်ပြထားသည်။

Leave a Reply