Advertisements

မော်လမြိုင်၊ ဇူလိုင်

ကျိုက်မရောမြို့နယ်၊ ကွမ်ငန်းကျေးရွာရှိ ပျားတောင်ဒေသတွင် တည်ဆောက်ထားသော MCL ဘိလပ်မြေစက်ရုံသည် လျှပ်စစ် ဥပဒေကို တစ်စုံတစ်ရာ ချိုးဖောက်ထားခြင်း မရှိကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောကြားသည်။

ဇူလိုင် ၁၀ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၏ ဟင်္သာခန်းမတွင် ကျင်းပသော အစိုးရအဖွဲ့၏ ဒုတိယနှစ် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဟင်္သာမီဒီယာက လွှတ်တော်၌ အတည်ပြုထားသည့် အတိုင်း ကုမ္ပဏီကို လျှပ်စစ် ဥပဒေနှင့် အညီ အရေးယူရန် ရှိ မရှိ မေးမြန်းစဉ် ဝန်ကြီးချုပ်က ယင်းကဲ့သို့ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

Advertisements
data-language="en"

“MCL စက်ရုံက လျှပ်စစ်ဥပဒေ ချိုးဖောက်ထားတဲ့အတွက် လွှတ်တော်က အရေးယူဖို့ အတည်ပြုထားတယ်ဆိုတာတော့ ကျွန်တော်မသိပါဘူး”ဟု ဝန်ကြီးချုပ် ဆိုသည်။

ယင်းအပြင် စက်ရုံမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို ပြင်ပသို့ ဖြန့်ုဖြူးရောင်းချခြင်း ပြုလုပ်မှသာ လျှပ်စစ် ဥပဒေ ချိုးဖောက်ရာ ရောက်မည်ဖြစ်သော်လည်း MCL စက်ရုံအနေဖြင့် ပြင်ပသို့ ရောင်းချခြင်း မရှိကြောင်း ၎င်းက ပြောဆိုသည်။

ထို့အပြင် မွန်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသက်ပိုင်မျိုးက ကုမ္ပဏီသည် လျှပ်စစ်နည်းဥပဒေ အပိုဒ် ၇၃ လျှပ်စစ်ထုတ်လုပ်ပြီး ပြင်ပသို့ ရောင်းချခြင်း မရှိသဖြင့် ဥပဒေချိုးဖောက်သည်ဟု သတ်မှတ်၍ မရကြောင်း အဆိုပါ ရှင်းလင်းပွဲ ပြောဆိုခဲ့သည်။

 MCL ဘိလပ်မြေစက်ရုံသည် ခွင့်ပြုချက်မရှိဘဲ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ၂၀ မဂ္ဂါဝပ်စက်ရုံ နှစ်ရုံ တည်ဆောက်မှုကို အရေးယူရန်အတွက် စက်တင်ဘာ ၆ ရက်က ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

ခွင့်ပြုချက် ရယူတည်ဆောက်ခြင်း မရှိသည့်အတွက် MCL စက်ရုံကို လျှပ်စစ်ဝန်ကြီးဌာနက တရားလို လုပ်ပြု၍ တိုင်ကြားရမည်ဖြစ်ပြီး လျှပ်စစ်ဥပဒေအရ ထောင်ဒဏ် တစ်နှစ်နှင့် ငွေဒဏ် ငါးသိန်းအထိ ပြစ်ဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း မွန်ပြည်နယ် ဥပဒေပြုရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ပြီးခဲသည့်နှစ် နိုဝင်ဘာ ၂ ရက်တွင် ဟင်္သာမီဒီယာသို့ ဖြေဆိုထားသည်။

လက်ရှိ အခြေအနေနှင့်ပတ်သက်ပြီး အဆိုရှင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူကို ဟင်္သာမီဒီယာက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် “ဥပဒေ ချိုးဖောက်မှု မရှိဘူးဆိုတော့ ကျွန်တော် ဘယ်လို ပြောမှန်းတောင် မသိတော့ဘူး”ဟု မှတ်ချက်ပြုသည်။

ထို့အပြင် လျှစ်စစ်ဥပဒေအရ မည်သည့်နေရာ၌ လျှပ်စစ် ထုတ်ယူသုံးစွဲမည်ဆိုပါက ခွင့်ပြုမိန့်ရယူရမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စု အစိုးရကလည်း ကုမ္ပဏီသည် လျှပ်စစ် ထုတ်လုပ်ရန် ခွင့်ပြုမိန့်ရယူထားခြင်း မရှိကြောင်း အကြောင်းပြန်ထားသည်ဟု ၎င်းက ပြောဆိုသည်။

မွန်ပြည်နယ် လွှတ်တော်က MCL စက်ရုံနှင့် ပတ်သက်ပြီး ယမန်နှစ် ဇူလိုင်လက ပြည်ထောင်စုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ စာပို့မေးမြန်းခဲ့ရာ ယင်းစက်ရုံအတွက် လိုအပ်နေသော လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ်အား ရရှိရန် ပြည်ထောင်စု လျှပ််စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးမှုများရှိခဲ့သော်လည်း ဓာတ်အားစနစ်တည်ဆောက်ရန် အတွက် ကြိုတင်ခွင့်ပြုမိန့်ရယူခဲ့ခြင်းမရှိကြောင်း ဝန်ကြီးဌာနမှ တရားဝင်ပြန်ကြားစာပေးပို့ခဲ့ကြောင်း ဦးအောင်ကျော်သူက ဆိုသည်။

သက်ပိုင်

Leave a Reply