Advertisements

မော်လမြိုင်၊ စက်တင်ဘာ

ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသတွင် MCL ဘိလပ်မြေစက်ရုံ၌ ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားသော ကျောက်မီးသွေးသုံး ၂၀ မဂ္ဂါဝပ်လျှပ်စစ်
ဓာတ်အား စက်ရုံနှစ်ရုံတည်ဆောက်မှုကို ပြည်နယ် လွှတ်တော်က အရေးယူရန် အတည်ပြု ဆုံးဖြတ်ထားသော်လည်း ပြည်နယ်အစိုးရက အသိပေး
အကြောင်းကြားခြင်း မရှိသေးကြောင်း ယင်းစက်ရုံ၏ အမှုဆောင်အရာရှိ ဦးဇော်လွင်ဦးက ပြောသည်။

“ ပြည်နယ် လွှတ်တော်က အဆိုတင်တဲ့အပိုင်းဟာ ပြည်နယ်လွှတ်တော်ရဲ့ အပိုင်းဖြစ်ပါတယ်။ ကျွန်တော်တို့ MCLအပိုင်းက စက်မှုကြီးကြပ်ဌာနက ၂၀ မဂ္ဂါဝပ် နှစ်လုံးကို ထုတ်လုပ်ခွင့်ပေးထားပါတယ်။ အဲဒီအတိုင်း ထုတ်လုပ်ပြီး သုံးစွဲနေပါတယ်”ဟု ၎င်းင်းက ဆိုသည်။

MC L ကုမ္ပဏီသည် ၂၀၁၃ခုနှစ်တွင် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ၏ခွင့်ပြုချက်ရရှိထားပြီး proposal ရေးဆွဲတင်ပြသည့် အချိန်ကတည်း က
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့်စက်ရုံပါဝင်မည့်အကြောင်းကို တင်ပြထားပြီးဖြစ်ကြောင်း ၎င်းင်းကပြောသည်။

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား စက်ရုံနှစ်ရုံ တည်ဆောက်မည့်ကိစ္စကို လျှပ်စစ်ဝန်ကြီးဌာနနှင့် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ရာ
လျှပ်စစ်ဥပဒေအရ စက်ရုံအတွက်သာ သုံးစွဲနေခြင်းဖြစ်သောကြောင့် ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်မလိုကြောင်း ၎င်းင်းက
ပြောသည်။

“အဆိုအတည်ဖြစ်ထားတော့ MCL ကို အကြောင်းကြားလိုက်မယ်၊ ဘာမှ အခက်အခဲမရှိပါဘူး” ဟု ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါစက်ရုံတည်ဆောက်ခြင်းမှာ မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြု မိန့်ဖြင့် တည်ဆောက်ခြင်းလုပ်ငန်းတွင် ပါဝင်သည့်အပြင် လျှပ်စစ်နည်းဥပဒေ ပုဒ်မ ၇၃ နှင့်ကိုက်ညီသဖြင့် ခွင့်ပြုမိန့် ရယူရန် မလိုကြောင်း ဝန်ကြီးချုပ်က ပြောသည်။

“အဆိုကအတည်ဖြစ်သွားပြီဆိုတော့ ဘယ်လိုအရေး ယူမလဲဆိုတာ အစိုးရက ဥပဒေပြန်ဖတ်သင့်တယ်။ ပြည်နယ်ပဲဖြစ်ဖြစ် ပြည်ထောင်စုပဲဖြစ်ဖြစ်
သေချာတာက တစ်ခုဆီက ခွင့်ပြုချက်မရယူဘဲ လုပ်ဆောင်နေတဲ့အတွက် ချက်ချင်းရပ်ဖို့စာပေးပို့ရမှာ ဖြစ်တယ်”ဟု ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ
ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

MCL ဘိလပ်မြေစက်ရုံနှင့် ပတ်သက်၍ ပြည်နယ်အစိုးရ၏ မည်သို့ အရေးယူဆောင်ရွက်မှုကို စောင့်ကြည့်သွားမည်ဖြစ်ပြီး၊ အရေးယူခြင်း မရှိပါကလွှတ်တော်မှ လုပ်ဆောင်စရာရှိသည့် ကိစ္စရပ်များကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၎င်းင်းက ပြောသည်။

ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ခြင်းအတွက် လျှပ်စစ်ဝန်ကြီးဌာနက တရားလို လုပ်၍ တိုင်ကြားရမည်ဖြစ်ပြီး လျှပ်စစ်ဥပဒေအရထောင်ဒဏ် တစ်
နှစ်နှင့် ငွေဒဏ် ငါးသိန်းအထိ ပြစ်ဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ပြည်နယ်ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က သုံးသပ်ပြောကြားသည်။

MCL စက်ရုံအား အရေးယူရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ်၇ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကန့်
ကွက်သည့်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၇ မဲ၊ ကန့်ကွက်မဲ ၇ မဲ၊ ပယ်မဲ ၄ မဲ ရရှိသည့်အတွက် စက်တင်ဘာ ၆ ရက်တွင် မွန်ပြည်နယ် လွှတ်
တော်က အရေးယူရန် အတည်ပြုခဲ့သည်။

Written by – ဇော်ထိုက်

Leave a Reply