( ဓါတ်ပုံ အညွန်း – မွန်ပြည်နယ် ကျိုက်မရောမြို့နယ် MCL (Mawlamyine Cement Limited ဘိလပ်မြေစက်ရုံ လုပ်ငန်းခွင်တစ်နေရာ )

မော်လမြိုင် ၊ဖေဖော်ဝါရီ ၁၂ ။ ။ ကျိုက်မရောမြို့နယ် ရှိ MCL (Mawlamyine Cement Limited) ဘိလပ်မြေစက်ရုံ သို့ ကုန်ပစ္စည်းများ ပို့ဆောင်လျက်ရှိသော ကုန်တင်သင်္ဘောများ ကြောင့် အတ္တရံမြစ်တွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေ သည့် ရေလုပ်သားများ အခက်တွေ့ နေကြောင်း ကျိုက်မရောမြို့နယ် ရေလုပ်သားများအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ကျော်အောင်က ဟင်္သာမီဒီယာသို့ပြောသည်။

( ဓါတ်ပုံ အညွန်း – မွန်ပြည်နယ် ကျိုက်မရောမြို့နယ် MCL (Mawlamyine Cement Limited ဘိလပ်မြေစက်ရုံ လုပ်ငန်းခွင်တစ်နေရာ )
( ဓါတ်ပုံ အညွန်း – မွန်ပြည်နယ် ကျိုက်မရောမြို့နယ် MCL (Mawlamyine Cement Limited ဘိလပ်မြေစက်ရုံ လုပ်ငန်းခွင်တစ်နေရာ )

“MCLစက်ရုံကိုအသွား အပြန်လုပ်နေတဲ့သင်္ဘောတွေ အရှိန်အရမ်းပြင်းတော့ လှိုုင်းအားကြောင့်
သမ္ဗာန်ပေါ်က စက်တွေ ရေထဲပြုတ်ကျတာတွေရှိတယ်၊ လှေတွေမြုပ်တယ် ၊ ကမ်းနဖူးတွေလည်း ပြိုတယ်၊ ဒါတွေကိုတိုင်ပေမယ့် တာဝန်ယူမှု မရှိတာကိုတွေ့မြင်ရပါတယ်၊ ”ဟု ဦးခင်ကျော်အောင်က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး နှင့်
မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဋ္ဌာန တို့ကို ရေလုပ်ငန်းလုပ်ကိုင်နေသူများ စုပေါင်းပြီး
နှစ်ကြိမ်တိုင်တိုင် တိုင်ကြားခဲ့သော်လည်း တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိကြောင်း ၎င်းကပြောသည်။

“တိုင်စာပို့ထားတယ်လို့ပြောပေမယ့် ဒီကိစ္စတွေကို ကျွန်တော်တို့လည်းမသိဘူး ၊ဒါတွေကိုပြန်စစ်ဆေး ရမယ်။ လုပ်ထုံးနဲ့အညီလုပ်ဆောင်သွားပါမယ်” ဟုကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက် ကပြောကြားသည်။

မော်လမြိုင်မြို့နယ် မှ ကျိုက်မရောမြို့ ရှိ MCL ဘိလပ်မြေ စက်ရုံ လုပ်ငန်းသုံး ပစ္စည်းများကို ရေကြောင်း လိုင်း မှ ပို့ဆောင်ရန် အတွက် အဆိုပါ သင်္ဘောများကို ပြည်တော်ဦး ဆောက်
လုပ်ရေးလုပ် ငန်းမှ ငှားရမ်းထားခြင်း ဖြစ်ကြောင်း MCLစက်ရုံမှ မြန်မာပြည် တာဝန်ခံ
ဦးဇော်လွင်ဦး ကရှင်းပြသည်။

“ကျွန်တော်တို့ဆီ လာတိုင်မယ်ဆိုရင် ဒီကိစ္စတွေကို ကျွန်တော်တို့ ဖြေရှင်းပေးမယ်၊အခုဖြစ် နေတဲ့ ကိစ္စတွေကို တော့ ကျွန်တော် တို့မသိသေးဘူး၊”ဟု ၄င်းကပြောသည်။
MCL ဘိလပ်မြေစက်ရုံကို ၂ဝ၁၄ခုနှစ်တွင် ထိုင်းနိုင်ငံ SCGဘိလပ်မြေစက်ရုံ့မှရင်းနှီးငွေ ဒေါ်လာသန်း ၄ဝဝဖြင့် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Leave a Reply