၂၀၁၆ခုနှစ်၊ မတ်လ ၈ရက်နေ့ ။ ။ ပျောက်ဆုံးသွားသော MH 370 လေယာဉ် အစိတ်အပိုင်းဟု ယူဆရသော အစိတ်အပိုင်းအပြတ်တစ်ခုကို သြစတေးလျနိုင်ငံ ရီယူနီယံကျွန်းပေါ်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်းဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြ ထားသည်။

နှစ် နှစ်ကျော်ကြာ ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH 370ကိုပြန်တွေ့ရန်အတွက် မျှော်လင့်ထားဆဲ ဖြစ်ကြောင်း မလေးရှားနှင့် သြစတေးလျအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

MH370 လေယာဉ်သည် ၂၀၁၄ခုနှစ် မတ်လ၈ရက်နေ့တွင် ခရီးသည်ပေါင်း၂၃၉ဦး တင်ဆောင်ပြီး ကွာလာ လမ်ပူမြို့မှ တရုတ်နိုင်ငံဘေဂျင်းမြို့သို့ပျံသန်းစဉ်အတွင်း လမ်းတွင်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် စတုရန်းကီလိုမီတာပေါင်း ၁၂၀ဝ၀ဝဝန်းကျင်တွင် သြစတေးလျမှ ရှာဖွေရေး အဖွဲ့များမှ ယခုတိုင် ပိုက်စိပ်တိုက်ရှာဖွေနေကြဆဲဖြစ်သည်။
3216
လေယာဉ်ပျက်ကို ရှာဖွေရာတွင် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော်ကုန်ကျလိမ့်မည်ဟု ခန့်မှန်း ထား ကြောင်း သိရှိရသည်။

အဆိုပါ လေယာဉ်ကို ရှာဖွေရန်အတွက် မလေးရှားနိုင်ငံမှဦးဆောင်ပြီး အမေရိကန်၊ တရုတ်၊ သြစတေးလျ၊ ပြင်သစ်နှင့် ဗြိတိန်ပညာရှင်များဖြင့် ရှာဖွေရေး အဖွဲ့စည်းတစ်ဖွဲ့ ဖွဲ့စည်းထားကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

Ref: ဘန်ကောက်ပို့စ်

Leave a Reply