News Federal Times

နောင်ချို၊ မေ ၂၂ ရက်။        ။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ ဥပဒေရေးရာနှင့်ပတ်သက်၍ ကူညီမှုပေးနိုင်ရန် တရားဥပဒေ စိုးမိုးမှုမြှင့်တင်ရေးစင်တာအား မေ ၂၂ ရက်တွင်ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါစင်တာကို နောင်ချိုမြို့နယ်၊ မြို့မဈေးအနီး၊ နောင်ချို-တောင်ကြီးလမ်းနှင့် အောင်ဆန်းလမ်းဆုံ နောင်ချို မြို့နယ်တရားရုံး မြောက်ဘက်၊ ဈေးရပ်ကွက်ရှိနေအိမ်တွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
“နောင်ချိုမြို့ပေါ်မှာ အခုဆိုရင် တောင်သူတွေနဲ့ဖြစ်တဲ့မြေယာမှုခင်းတွေ များပြားလာတာတွေ့ရတယ်။ တောင် သူတွေဆိုတာ ဥပဒေပညာ ဘာမှမသိပါဘူး။ ဒါကိုခုတုံးလုပ်ပြီး နိုင်ငံရေးလုပ်စားသူတွေကြောင့်၊ အမှုပွဲစားတွေ ကြောင့် တောင်သူတွေ ငွေကြေးမြောက်များစွာကုန်ပြီး နောက်ဆုံးထောင်နန်းစံခဲ့ကြရတာကိုကြည့်ရင် ဥပဒေစိုး မိုးမှုမှာ အားနည်းတာတွေ့ရတယ်။ အခုဒီစင်တာဖွင့်တာ သိပ်ကိုကောင်းပါတယ်။ ဒီစင်တာကနေ ပြည်သူတွေကို ဥပဒေအရ များစွာအထောက်အကူပေးနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောကပြောသည်။


အဆိုပါ ဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ နောင်ချိုမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး ဦးတင်ထွေး၊ နောင်ချို မြို့ပေါ် ရှိပရဟိတအသင်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ဒေသခံများတက်ရောက်ခဲ့ကြောင်း သိရသည်။
ယခုဖွင့်လှစ်သည့် စင်တာမှာ အမေရိကန်အခြေစိုက် USAID ၏ ထောက်ပံ့မှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးစင်တာများကို အခြားတိုင်းဒေသကြီးနှင့် ခရိုင်များအလိုက် လိုအပ်သလို စိစစ်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

MMK

Leave a Reply