Advertisements

တိုကျို ဇန်နဝါရီ ၂၈

အမေရိကန်နိုင်ငံ လုံခြုံရေးနဲ့ ငွေကြေးလဲလှယ်မှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဂျပန်ကားကုမ္ပဏီ Nissan ကို တရားမဝင်ငွေကြေးပြဿနာတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဇန်နဝါရီလ ၂၈ရက်နေ့က တရားဝင်ထုတ်ပြန်ပါတယ်။

အခုလိုစစ်ဆေးရခြင်းဟာ လက်ရှိထိန်းသိမ်းခံထားရတဲ့ Nissanရဲ့ ဥက္ကဋ္ဌဟောင်း ချားလ်လို့ဂိုဆန် တရားရုံးမှာ ထုတ်ဖော်ပြောဆိုခဲ့တာတွေနဲ့ ဆက်စပ်နေတယ်လို့ ကော်မရှင်က ဆိုပါတယ်။

Advertisements
data-language="en"

“ကျနော်တို့ ကုမ္ပဏီဟာ လက်ရှိမှာ အမေရိကန်ငွေကြေးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးခြင်းခံနေရတယ် ဆိုတာ ဟုတ်ပါတယ်။ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားပါမယ်”လို့ Nissanကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာနစ်ကိုးလပ်စ်မတ်စ်ဖီးလ်းက ပြောပါတယ်။

ဒါပေမဲ့ အခြားငွေကြေးနဲ့ပတ်သတ်တဲ့ စစ်ဆေးခံရတဲ့အချက်လက်အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြား သွားခြင်းမရှိပါဘူး။ သတင်းဖော်ပြချက်တွေအရ Nissan ကုမ္ပဏီဟာ အုပ်ချုပ်မှုဒါရိုက်တာတွေရဲ့ လစာတွေကို လိုတာထက်ပိုပေးထားပြီး ငွေကြေးမမှန်မကန်လုပ်ဆောင်ထားတာတွေနဲ့ ငွေဖြူငွေမည်းပြသနာတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

စုံစမ်းဖော်ထုတ်သတင်းတွေကြောင့် ဥက္ကဌဟောင်း ချားလ်လို့စ်ဂိုဆန်ဟာ နိုဝင်ဘာလ ၁၉ရက်နေ့မှာအဖမ်းခံခဲ့ ရပြီး သူရဲ့ ထွက်ဆိုချက်တွေကြောင့် ကုမ္ပဏီကို နောက်ဆက်တွဲစုံစမ်းမှုတွေလုပ်ဆောင်နေရတာဖြစ်ပါတယ်။ ချားလ်လို့စ်ဟာ ဂျပန်ရုံးချုပ်ရဲ့ ငွေကြေးဆိုင်ရာ အုပ်ချုပ်သူအဖြစ်လည်းပူးပေါင်းတာဝန်ယူထားတာ ဖြစ်ပါတယ်။

သူလက်ရှိရင်ဆိုင်နေရတဲ့ အမှုဟာ ထောင်ဒဏ် ရှစ်နှစ်အထိ ချမှတ်ခြင်း ခံရနိုင်တယ်လို့ သိရပါတယ်။ ဂိုဆန်ဟာ အမေရိကန်အစိုးရရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပေမဲ့ အဖမ်းခံရ ရခြင်းမှာပဲ ဥက္ကဌရာထူးကနေ ဖယ်ရှားခြင်းခံခဲ့ရပါတယ်။

သူ့ကိုဖယ်ရှားခဲ့တာက လက်ရှိ ဥက္ကဋ္ဌရာထူးယူထားတဲ့ တိုက်ကွန်းသူဌေးကြီး ဖရန်ကိုဘရာဇီယမ်လန်ဘမ်ဇီ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကုမ္ပဏီတွင်း ဈေးကွက်တည်ငြိမ်ဖို့နဲ့ ရှယ်ယာရှင်တွေညီညွှတ်ဖို့ ပြန်လည်ကြိုးစားနေဆဲကာလ ဖြစ်ပြီး ငွေကြေးအရှုပ်အရှင်းပြသနာမှာ အထင်လွဲမှုသာဖြစ်တယ်လို့ ဖရန်ကိုက ပြောထားပါသေးတယ်။

CNBC

Leave a Reply