မော်လမြိုင်၊ မတ်လ ၂၁ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ ကဖွဲ့စည်းထားသော ရေးရာကော်မတီ ၁၂ ခုကိုဖျက်သိမ်းလိုက် ကြောင်း NLD ပါတီ ကထုတ်ပြန်လိုက်သည်။

အဆိုပါ ဖျက်သိမ်းလိုက်သော ကော်မတီ များတွင်ဦးဆောင်နေသူ များသည် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်နေသောကြောင့် ကော်မတီ များ ပြန်လည်ဖွဲ့ စည်းရန် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း NLDပါတီ ဗဟိုကော်မတီ ဝင် တစ်ဦးကပြောသည်။

“ပြန်ဖွဲ့စည်းရတော့မှာပေါ့ဗျာ ၊ဘာလို့လည်းဆိုတော့ အမာခံလူတွေက လွှတ်တော်ထဲရောက်သွားပြီလေ၊ နေပြည်တော် ရောက်ကုန်ကျပြီလေ၊ အဲ့တော့ ဒါတွေကပြန်ဖွဲ့ရမှာကို ၊ပြန်လည်ဖွဲ့စည်းမှာပါ၊အစိုးရဖွဲ့စည်းပြီ ဝန်ကြီးတွေရွေးချယ်ပြီးရင်၊ ဧပြီလထဲလောက်မှာပဲဖွဲ့စည်းမှာပါ၊ အခုတော့ ၁၂ခုကို ဖျက်သိမ်းလိုက်ပါတယ်”ဟု ၎င်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီ လက်အောက်ရှိ စီးပွားရေးကော်မတီ၊သဘာဝပတ်ဝန်းကျင်ကော်မတီ၊ တောင်သူလယ်သမားရေးရာကော်မတီ၊ပညာရေးကော်မတီ၊ကျန်းမာရေးကော်မတီ အစရှိသည့်ကော်မတီ(၁၂)ခု ကို ဖျက်သိမ်းလိုက်ကြောင်း NLDပါတီ(ဗဟို)မှ မတ်လ ၂၁ရက်နေ့ကထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီဝင်များအနေဖြင့် လူမှုရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ဖြစ်စေ၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရာတွင်ဖြစ်စေ၊ ဗဟိုကော်မတီဝင်များ ၏ ခွင့်ပြုချက် ရယူပြီးမှသာ လုပ်ဆောင်ရန် မတ်လ၂၁ရက်နေ့က ညွှန်ကြားစာတစ်စောင်ထုတ်ပြန်ခဲ့သည်။

မတ်လ ၂၁ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ နှင်းဆီ စံအိမ် တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထုတ်ပြန်ကြေညာခဲ့ ခြင်းဖြစ် ကြောင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် တစ်ဦးကပြောသည်။

ရွေးကောက်ပွဲရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီသည် ပြည်သူ့လွှတ်တော် ၂၅၅နေရာ အမျိုးသားလွှတ်တော် ၁၃၅နေရာ တိုင်းဒေသကြီးှနှင့် ပြည်နယ်လွှတ်တော် ၄၇၅နေရာ၊ တိုင်းရင်းသားလူမျိုး ၂၁နေရာ၊ စုစုပေါင်း ကိုယ်စားလှယ်ရေအတွက် ၈၈၆ နေရာအနိုင်ရရှိခဲ့သည်။

Leave a Reply