နေပြည်တော်၊ စက်တင်ဘာ ၂၈ ။ ။ လူမှုကွန်ယက်စာမျက်နာ(Facebook)ပေါ်တွင် ပျံနှံခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဝင်းထိန် ပါတီမှ နှုတ်ထွက်စာနှင့် နှုတ်ထွက်ခွင့်ပြုသည့် စာအတု နှစ် စောင် လုပ်ဆောင်ခဲ့သူကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီးပါက တရားစွဲဆိုသွားမည် ဖြစ် ကြောင်း ဦးဝင်းထိန်က မီဒီယာများကို ပြောသည်။

win-htane
“အဲ့ဒါနဲ့ ပတ်သက်လို့ အကြောင်းအရာတွေရော ဘယ်သူ့လက်ချက်ဆိုတာ ကျွန်တော်မှန်းလို့ရတယ်၊ ဒါပေမယ့် ပြောရမှာ စောသေးလို့၊ တကယ်တမ်းရဲကနေ ဖော်ထုတ်နိုင်ပြီဆို ကျွန်တော်တရားစွဲမယ်” ဟု ၄င်းက ဆိုသည်။

ယခုကဲ့သို့ ဆောင်ရွက်ရန် ပါတီအကြီးအကဲများနှင့် တိုင်ပင်ဆွေးနွေးခဲ့ကာ ပါတီဌာနချုပ်၏ တံဆိပ်တုံး ကိုပါ စာအတု ပေါ်တွင် အသုံးပြုခြင်းကြောင့် နောက်နောင် ထပ်မံမဖြစ်ပွားစေ လိုခြင်းကြောင့် တရားစွဲဆိုရန် ဆောင် ရွက်ရခြင်း ဖြစ်ကြောင်းလည်း ၄င်းကရှင်းပြသည်။

“အဲ့ဒီစာမှာက စာလုံးပေါင်းတချို့မှားတယ် ရေးပုံသတ်ပုံ အချို့မှားတယ် ကျွန်တော်ရေးတဲ့စာနဲ့လည်း မတူဘူး ကျွန်တော်ရေးတဲ့စာက ဖတ်ဖူးတဲ့သူတွေဆို သိတယ် နောက်တစ်ခုက အဖွဲ့ချုပ်ကနေပြီးတော့ ထွက်ဖို့ ခွင့်ပြု ပါတယ်ဆိုတဲ့စာထဲမှာက လူတိုင်းမသိနိုင်တဲ့ အကြောင်းအ ရာတွေပါတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

ပါတီ၏ စည်းတံဆိပ်လျှိဳ႕ဝှက်ချက်နှင့် လူတိုင်းမသိနိုင်သည့် အကြောင်းအချက်အလက်များသည် ယင်းစာအတု တွင် ပါရှိနေပြီး စာအတုလုပ်သူသည် ပါတီဝင်တစ်ဦးဖြစ်နိုင်ကြောင်း၎င်းကပြောသည်။

Leave a Reply