(ဓါတ်ပုံအညွှန်း – ( ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းဇေယျာ )

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၀ ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကဖွဲ့စည်းမည့် အစိုးရ ၏ နိုင်ငံရေးအခင်းအကျင်း ကို စောင့်ကြည့်ပြီး မှ သာ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ပါတီတည်ထောင် မည်ဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းဇေယျာက ပြောကြားသည်။

(ဓါတ်ပုံအညွှန်း –  ( ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းဇေယျာ )
(ဓါတ်ပုံအညွှန်း – ( ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းဇေယျာ )

ဖေဖော်ဝါရီလ ရရက်နေ့ က ပြုလုပ်သော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(AMDP) ဥက္ကဋ္ဌ နိုင်သိုက် စျာပန အခမ်းအနား သို့တက်ရောက်လာသည့် ၈၈ကျောင်းသားခေါင်းဆောင် ဦးမင်းဇေယျာကို ၈၈ပါတီ တည်ထောင်ခြင်း ကိစ္စနှင့် ပတ်သက်ပြီး ဟင်္သာမီဒီယာ က မေးမြန်းရာ ၎င်းက ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိအချိန်အနေမှာ ပါတီထောင်မယ့် ကိစ္စကို လောလို့မရသေးဘူး၊ NLDအစိုးရ ရဲ့နိုင်ငံရေး အခြေအနေ အစိုးရအခင်းအကျင်းတွေကို စောင့်ကြည့်ဖို့လိုတယ်၊ ပြီးမှ ပါတီထောင် ဖို့ဆုံးဖြတ်ရမယ်၊ ကျွန်တော် ကိုယ်တိုင် ပါတီထောင်ရင် ပါ၀င်မလား မပါ၀င်ဘူးလား ဆိုတာ မဆုံးဖြတ်ရသေးဘူး”ဟု ဦးမင်းဇေယျာက ပြောသည်။

သို့သော် ၂၀၁၆ခုနှစ် သြဂုတ်လ တွင် ကျရောက်မည့် ၂၈နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော် ပုံအခမ်းအနားတွင် ပါတီ တည်ထောင်မည့် ကိစ္စကို အတိအကျပြောကြားနိုင်မည် ဖြစ်ကြောင်း ၄င်းကပြော သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီ ၂၀၁၅ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ် လောင်းများ ရွေးချယ်ရာတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့စည်း ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး အပါ အဝင် ၁၇ ဦးစာရင်းတင်သွင်းခဲ့သော်လည်း NLDပါတီမှ ထုတ်ပြန် သော ကိုယ်စားလှယ် လောင်းစာရင်းတွင် ပါ၀င်ခဲ့ခြင်းမရှိပေ။

Leave a Reply