News Federal Times

ပြည်၊မေ ၁၆ ။     ။ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့လယ်ရှိ အင်တာနက်ဆိုင်တစ်ဆိုင်တွင် ဓါးထောက်၍ အနုကြမ်းစီး လုယက်မှုတွင် ထွက်ပြေးလွတ်မြောက်နေသူနှင့် ပတ်သက်၍ ရဲမဖမ်းရဲသေးသည့် တရားခံ မရှိကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး သန်းထွန်းအောင်က ပြောဆိုလိုက်သည်။
လက်ရှိ ထွက်ပြေးလွတ်မြောက်နေသူမှာ ပြည်မြို့ရှိ နာမည်ကျော်လူမိုက် ဝက်ကလေးဆိုသူဖြစ်ပြီး မေလ (၁၅)ရက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပုလဲသီတာခန်းမတွင် ပြုလုပ်သော ဒေသတွင်းတရားဥပေဒေ စိုးမိုးရေးဆွေးနွေးပွဲ၌ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး သန်းထွန်းအောင်မှ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ရဲကတရားခံကို မဖမ်းရဲဘူးဆိုတဲ့သတင်းတွေ ပျံ့နှံ့နေတာတွေလည်း ကျွန်တော်တို့တွေ တွေ့နေရတယ်။ ကျွန် တော်တို့အနေနဲ့ကလည်း ပိုရချင်တယ်။ ပြည်မှာ မိုက်နေတဲ့သူတွေကို မဖမ်းရဲဘူးဆိုတဲ့ သုံးသပ်ချက်တွေရှိပါ တယ်။ ကျွန်တော်အနေနဲ့ ပြန်ပြီးတော့ မပြောလိုပါဘူး။ အလုပ်နဲ့သက်သေပြပါ့မယ်။ ဝက်ကလေးနဲ့ပတ်သက်ပြီး မကြာခင် ဖမ်းပါ့မယ်။ ဒီဟာတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်လို့ အတိအကျ မပြောနိုင်ပေမယ့် ကျွန်တော်တာဝန်ယူပြီး ဖမ်းပါ့မယ်လို့ ကတိပေးပါတယ်။ ရဲမဖမ်းရဲတဲ့ တရားခံဆိုတာ မရှိပါ ဘူး။” ဟု ပြည်မြို့နယ် ရဲတပ်ဖွဲမှ ရဲမှူး သန်းထွန်းအောင်က ပြောသည်။
ပြည်မြို့တွင် ဧပြီလနှင့် မေလအတွင်း အုပ်စုဖွဲ့ရန်ပြုခံရမှုများ၊ ဓါးထိုးမှုများနှင့် ပြည်မြို့လယ်တွင်လည်ပင်း ဓါးထောက်အနုကြမ်းစီး လုယက်မှုအထိဖြစ်ပွားနေသောကြောင့် ပြည်သူလူထုလုံခြုံရေးအတွက် စိုးရိမ်နေရ ကြောင်း ပြည်မြို့ခံများထံမှ သိရသည်။
“မြို့ထဲမှာ ဆိုးသွမ်းလူငယ်တွေ အုပ်စုဖွဲ့ပြီး တွေ့သမျှ လူကို ဓါးနဲ့လိုက်ထိုးတာတွေ ခိုက်ရန်ဖြစ်ပွားတာတွေ လည်း ဖြစ်လာတော့ ကျွန်တော်တို့ ည (၉)နာရီ၊ (၁၀)နာရီလောက် နောက်ကျသွားရင် အပြင်မထွက်ရဲတော့ ဘူး။”ဟု ပြည်မြို့ခံတစ်ဦးက ပြောသည်။
ရဲတပ်ဖွဲ့အနေဖြင့် မှုခင်းကျဆင်းရေးပညာပေးဟောပြောမှုများနှင့် ရပ်ကင်း၊ ဝပ်ကင်း၊ လှည်းကင်းများ ပြုလုပ် နေပြီး ထွက်ပြေးလွတ်မြောက်နေသူအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

MMK

Leave a Reply