News Federal Times

ပြည်၊ မေလ (၂၂)ရက် ။      ။ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါက်ခေါင်း-အုတ်တွင်း ကားလမ်း သစ္စာမေတ္တာကုန်းဆင်းတွင် ဝါးနှင့် ထင်းများ တင်ဆောင်လာသည့် ယာဉ်တစ်စီး မေလ ၂၁ ရက်က တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း သေဆုံးခဲ့ ကြောင်း ပေါက်ခေါင်းမြို့မ ရဲခစန်းမှ သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုမှာ အုတ်တွင်းမြို့မှ ပေါက်ခေါင်းမြို့သို့ ဝါးအလုံး (၂၀၀)နှင့် ထင်း(၃)တန်ခန့် တင်ဆောင်လာသော AUTOIFAN A-6 အမျိုးအစားသည် မိုင်တိုင်မှတ် ၅၀/၄ နှင့် ၅၀/၅ တို့အကြား ပေါ်လံကြီး ကျေးရွာအနီး သစ္စာမေတ္တာကုန်းအကွေ့အဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။


“ကားမှာ ယာဉ်နောက်လိုက်လည်း ပါမလာဘူး။ ကုန်းဆင်းမှာ ဘရိတ်ပေါက်ပြီးမှ အရှိန်မထိန်းနိုင်ဘဲ မှောက် သွားတာ။ ယာဉ်မောင်းက ကားခေါင်းပိုင်းနဲ့ ဖိညှပ်လိုက်သလိုဖြစ်ပြီး နေရာမှာတွင် သေဆုံးသွားတယ်။”ဟု ပေါက်ခေါင်းမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။
သေဆုံးသူ ယာဉ်မောင်းအား ရဲဆေးစာဖြင့် ပေါက်ခေါင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်တိမ်း မှောက်မှုနှင့် ပတ်သက်၍ သေဆုံးသူ ယာဉ်မောင်း ကိုမျိုးဇော်ဝင်းအား ပေါက်ခေါင်းမြို့မ ရဲစခန်းမှ ယာဉ်(ပ) ၁၄/၂၀၁၇ ပုဒ်မ ၃၀၄(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

MMK

Leave a Reply