Advertisements

ဆုမင်းကို

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအ တွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများ (CSO)က အရေးပါသည့်အခန်းကဏ္ဍတွင်ပါဝင်နေပြီး လတ်တလောမြန်မာနိုင်ငံ ၏ အခြေအနေအရ ပိုမိုအားကောင်းရန်လို အပ်နေကြောင်း လူမှုအဖွဲ့အစည်းများက ထောက်ပြပြောဆိုသည်။
အရပ်ဖက် လူမှုအဖွဲ့အစည်းများ (CSO) အားကောင်းမှသာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ၊ ပြည်သူလူထု အကျိုးစီးပွားများ သိသာထင်ရှားစွာဖြစ် ပေါ်လာမည်ဟု လူမှုအဖွဲ့အစည်းများက ထောက်ပြပြောဆိုသည်။
အရပ်ဖက် လူမှုအဖွဲ့အစည်းဆိုသည် မှာ အကြမ်းမဖက်သော နည်းလမ်းဖြင့်မိမိ တို့သက်ဆိုင်သော နယ်ပယ်အလိုက်ပြည် သူလူထု၏ကောင်းမွန်သော အကျိုးစီးပွား ကို နိုင်ငံတော်၏မူဝါဒဖြစ်အောင် ဆောင် ရွက်ရသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
လူအများရွေးချယ်မှုဖြင့် သောင်ပြို ကမ်းပြိုနိုင်လာသည့် အစိုးရမျိုးတွင် အ တိုက်အခံအင်အာ းနည်းလာသည့်အ တွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများက ပိုမိုရေးပါပြီး ထိရောက်စွာ လုပ်နိုင်ရန် လည်း လိုအပ်ကြောင်း နိုင်ငံတကာပညာ ရှင်များက ဆိုထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင်ရှိသော အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ အခြေ အနေနှင့်ပက်သက်၍ နိုင်ငံရေးသိပ္ပံပညာရှင်ဒေါ်ခင်မမမျိုးက “အရေအတွက်ထက် အရည်အချင်း အပြည့်အဝရှိသော CSO အဖွဲ့တွေဖြစ်လာဖို့ အားယူပြီးတော့တည် ဆောက်နေတယ်လို့ ကျွန်မမြင်ပါတယ်” ဟု ပြောဆိုသည်။
သို့ရာတွင်မူ နိုင်ငံရေးလေ့လာ သုံး သပ်သူဦးကျော်ဝင်းက စက်တင်ဘာ ၂၀ ရန်ကုန်မြို့ Novotel Hotel တွင်ကျင်းပ ပြုလုပ်သော Civil Society in Myanmar’s New Democracy ဆွေးနွေးပွဲတွင် “ဒီကာလမှာ အရပ်ဖက် အဖွဲ့အစည်းတွေက ပိုတက်လာရမယ့်အ စား တက်မလာဘဲနဲ့ တန့်သွားတယ်” ဟု မှတ်ချက်ပြုသည်။
လက်ရှိအစိုးရအနေဖြင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊မီဒီယာများ၊တက်သိ ပညာရှင်များ၏ အခန်းကဏ္ဍကို တက်နိုင် သလောက်လျော့ချ၍ လူထုနှင့် တိုက်ရိုက် ချဉ်းကပ်သည့် ပုံသဏ္ဍာန်လုပ်လာ ကြောင်း၊ ယင်းအတွက်ကြောင့် အရပ်ဖက် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုသည် မသိမ သာမှ သိသိသာသာလျော့ကျမှုများ တွေ့ ရှိလာရကြောင်း ၎င်းက ထပ်လောင်းပြော ဆိုသည်။
အရပ်ဖက် လူမှုအဖွဲ့အစည်းများ သည် မြန်မာနိုင်ငံတွင် ပဒေသရာဇ်လက် ထက်ထဲက သာရေးနာရေးကို အခြေခံ ကာ စတင်ပေါ်ပေါက်ခဲ့သော လူထုအခြေ ပြု အဖွဲ့အစည်းဖြစ်သည်။
နယ်ချဲ့လက်အောက်သို့ ရောက်ရှိ သည်အထိ ဘာသာရေးနှင့်လူမှုရေးကို အခြေပြုသော အဖွဲ့အစည်းအဖြစ် တည်ရှိ ခဲ့သည်။
ထို့နောက် ကိုလိုနီလက်ထက်တွင် နိုင်ငံရေးကိုဦးတည်သော အရပ်ဖက်အဖွဲ့ အစည်းများ ရပ်တည်လာကြပြီး ဦးနေဝင်း လက်ထက်မှစတင်၍ အရပ်ဖက် လူမှုအဖွဲ့ အစည်းများ၏ အခန်းကဏ္ဍသည် မှေးမှိန် ခဲ့ဟု ပညာရှင်များက ပြောဆိုကြသည်။
တပ်မတော်အစိုးရ လက်ထက်တွင်မူ လူထုအခြေပြု အရပ်ဖက် လူမှုအဖွဲ့အစည်း အချို့ ပေါ်ပေါက်လာသော်လည်း တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ရှိရာ နယ်စပ် ဒေသတလျှောက်တွင်သာ လှုပ်ရှားခွင့်ရှိခဲ့သည်။
အရပ်ဖက်အဖွဲ့အစည်းများ ပြည် တွင်း၌သိသာထင်ရှားစွာ လုပ်ကိုင်ခွင့်ရရှိ လာခဲ့သည်မှာ လွန်ခဲ့သော ခုနှစ်နှစ်ကျော် ကာလ ဦးသိန်းစိန်အစိုးရလက်ထက်တွင် စတင်ခဲ့ခြင်းဖြစ်ကာ လက်ရှိ NLD အစိုး ရလက်ထက်တွင် အရပ်ဖက် လူမှုအဖွဲ့အ စည်းများ အများအပြားရှိလာသည်။
လက်ရှိအချိန်တွင် အရပ်ဖက် လူမှု အဖွဲ့အစည်းများအနေဖြင့် လယ်ယာမြေ ကဏ္ဍ၊ အလုပ်သမားအရေး၊ လယ်သမား ရေး၊ အမျိုးသမီးရေးတွင်သာမက ပညာ ရေးပြုပြင်ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေးအ ခန်းကဏ္ဍများတွင်လည်း အရပ်ဖက် လူမှု အဖွဲ့အစည်းများအနေဖြင့် အစဉ်တစိုက်ပါ ဝင်လာပြီဖြစ်ကြောင်း အရပ်ဖက်လူမှုအဖွဲ့ အစည်းများကပြောဆိုသည်။
ယင်းကဲ့သို့ အစဉ်တစိုက်ပါဝင်လာ ခြင်းကြောင့် နောက်ဆက်တွဲ အကျိုးဆက် နှင့်ပက်သက်၍ ဒေါ်ခင်မမမျိုးက “အမျိုး သမီးအရေးတွေဆိုရင်လည်း အစိုးရနဲ့ CSO တွေကြားပိုမိုအားကောင်းလာတဲ့အတွက် အမျိုးသမီးအကြမ်းဖက် ဆန် ကျင်တဲ့ ယန္တရားတွေပေါ်ပေါက်လာပါပြီ။ ပြည်နယ်နဲ့ တိုင်းအသီးသီးက အစိုးရတွေ နဲ့ CSO တွေ ဒါကိုချိတ်ဆက်ပြီးတော့လုပ် ဆောင်နေပါတယ်” ဟု အမျိုးသမီးအခွင့် အရေးနှင့်ပက်သက်၍ ဥပမာပေး ပြော ကြားသည်။
အစိုးရနှင့် ချိတ်ဆက်၍ လုပ်ဆောင် သည်ဟု ဆိုထားသော်လည်း တိုက်ရိုက် ချိတ်ဆက်နိုင်မှု အားနည်းသေးကြောင်း ထောက်ပြပြောဆိုမှုများ ရှိနေသည်။
အစိုးရနှင့် အရပ်ဖက် လူမှုအဖွဲ့အ စည်းများ ချိတ်ဆက်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် များမှတဆင့် ဆက်သွယ် ဆောင်ရွက်နေ ရကြောင်း စက်တင်ဘာ ၂၀ ရန်ကုန်မြို့ Novotel Hotel တွင် ကျင်းပပြုလုပ်သည့် Civil Society in Myanmar’s New Democracy ဆွေးနွေးပွဲတွင် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်း လတ်ကပြောသည်။
“ရန်ကုန်တိုင်းဆိုရင် ကျွန်တော်တို့ စီမှာ Workshop လာလုပ်လို့ရတယ်။ ဥက္ကဌနဲ့လည်း လာတွေ့လို့ရတယ်။ ဒါပေ မယ့် ဘယ်လမ်းကြောင်းက ဝင်ရမလဲ။ Clearly မလုပ်ထားဘူး။ Channel မရှိ ဘူး။ မရှိတဲ့အခါကျတော့ ခုတော်တော်များ များက သက်ဆိုင်ရာ မြို့နယ်ကိုယ်စား လှယ်တွေကနေတဆင့် ချဉ်းကပ်ရတယ်” ဟု ရှင်းပြသည်။
မြန်မာနိုင်ငံဆရာ/ဆရာမများ အ ဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်းက CSO များနေဖြင့် လွှတ်တော်ကိုယ်စား လှယ်များ၊ အစိုးရကိုယ်စားလှယ်များနှင့် အမြဲတမ်း ချိတ်ဆက်နေရပါကလည်း ရေ ရှည်အတွက် အဆင်ပြေမှုများ ဖြစ်လာ မည်မဟုတ်ဘဲ အစိုးရအနေဖြင့် CSO များနှင့်ဆက်ဆံရာတွင် မူဝါဒတစ်ရပ် ချ မှတ်ထားသင့်ကြောင်း Civil Society in Myanmar’s New Democracy ဆွေးနွေးပွဲတွင်ထောက်ပြပြောဆိုသည်။
CSO များနှင့်ဆက်ဆံရန် အစိုးရ တွင် မူဝါဒတစ်ရပ် ရှိမရှိနှင့်ပက်သက်၍ ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်ဇင်မာအောင်က “ပွင့်ပွင့် လင်းလင်းပြောရရင် ဘာမူမှမရှိဘူး။ဆက် ဆံရမယ်လို့လည်း မဟုတ်ဘူး။ မဆက် ဆံရဘူးလို့လည်းမဟုတ်ဘူး” ဟု Civil Society in Myanmar’s New Democracy ဆွေးနွေးပွဲတွင် ပြော သည်။
၂၀၀၈ ခုနှစ်မှနာဂစ်မိုင်တိုင်းမှ စ တင်အခြေပြုလာသည့် CSO အဖွဲ့အ စည်းများသည် လက်ရှိအစိုးရလက်ထက် တွင် အလွန်များပြားလာခြင်းကြောင့် လည်း အစိုးရအနေဖြင့် ကိစ္စရပ်တစ်ခုအား ဆောင်ရွက်မည်ဆိုပါက မည်သည့် CSO အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင် ရွက်ရမည်ကို မသိရှိတော့ကြောင်းလည်း CSO တွင်လုပ်ကိုင်နေသည့် အဖွဲ့အစည်း များကပြောဆိုသည်။
“CSO တွေများလာတာတော့ ကောင်းတာပေါ့ဗျာ။ ဒါပေမယ့် အုပ်ချုပ် ရေးရှုထောင့်ကကြည့်မယ်ဆိုရင် ဘယ်သူ က ဘာဆိုတာမသိဘူး” ဟု ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကပြောသည်။
ဒေါ်ဇင်မာအောင်ကလည်း “အစိုးရ ဘက်ပိုင်းကကြည့်ရင်တော့ ဘယ်သူနဲ့ စ ကားပြောရင် ပြီးမလဲဆိုတဲ့ ပြဿနာဖြစ် လာတယ်။ အကုန်လုံးနဲ့ စကားပြောရရင် အချိန်အရရော ကိုယ်စားပြုမှုပြဿနာက ရှိတယ်” ဟု အစိုးရ၏ ရင်ဆိုင်နေရသည့် အခြေအနေအား ရှင်းပြသည်။
CSO များ အချင်းချင်းကြားတွင် လည်း ကိစ္စတစ်ရပ်အားဆောင်ရွက်မည်ဆိုပါကလည်း သူလုပ်မည် ငါလုပ်မည်ဆို သည့် အချင်းချင်း ညှိနှိုင်းမရသည့်ပြဿနာ များရှိနေကြောင်း ယင်းအတွက်ကြောင့် လည်း ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံ၏ အကြောင်းအရာအ လိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲတွင် CSO များဘက်မှ ဆုံးဖြတ်ချက်စာ တမ်းတက်မလာကြောင်း ၎င်းက ဥပမာ ပေးပြောကြားသည်။
“အရမ်းများပြီးတော့ စုစည်းမှု မရှိ တဲ့အခါကျတော့ စုစည်းမှုရှိဖို့လိုပါတယ်။ များနေတာ ပြဿနာမဟုတ်ဘူး စုစည်းမှု မရှိတာကပြဿနာ” ဟု ဒေါ်ဇင်မာ အောင်က မှတ်ချက်ပြုသည်။
အစိုးရနှင့် ဆွေးနွေးရာတွင်လည်း CSO များကိုယ်စား ဆုံးဖြတ်ချက်ပေးနိုင် သည့် ခေါင်းဆောင်များ၊ CSO အဖွဲ့များ သာလိုအပ်ကြောင်း မှတ်ချက်ပြုသည်။
ထို့ပြင် CSO များအနေဖြင့် နိုင်ငံ သည် လိုအပ်သည့်နေရာတိုင်းတွင် ပါဝင် ရမည်ဟု ထင်မှတ်နေသည်မှာ မှားယွင်း နေပြီး ကိုယ်ပိုင် ရပ်တည်ချက်တစ်ခုရှိရန်လိုအပ်ကြောင်းလည်း အရပ်ဖက်လူမှုအဖွဲ့ အစည်းများ က ထောက်ပြပြောဆိုသည်။
အရပ်ဖက် လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်သည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ “CSO တိုင်း ဟာ ကိစ္စအားလုံးဟာ ငါနဲ့ဆိုင်တယ်ဆို ရင်တော့ သိပ်အလုပ်ဖြစ်မှာ မဟုတ်ဘူးဗျ။ အထူးပြု တစ်ခုချင်းစီရွေးကြရတယ်” ဟု ဆိုသည်။
CSO များအနေဖြင့် အထူးပြုနိုင် သည့် နယ်ပယ်တစ်ခုတွင် ခိုင်မာစွာရပ် တည်နိုင်မှသာလျှင် ၎င်းတို့ လုပ်ကိုင်ရ သည့် နယ်ပယ်ကို ကောင်းမွန်စွာအ ထောက်အပံ့ပြုနိုင်မည်ဖြစ်ပြီး အစိုးရကို ထိန်းကျောင်းရာတွင်လည်းကောင်း၊ ပြည် သူလူထုအကျိုးတိုးတတ်ရေးကိုလည်း သိ သာစွာ ဆောက်ရွက်နိုင်မည်ဖြစ်ကြောင်း အရပ်ဖက် လူမှုအဖွဲ့အစည်းများတွင် လုပ် ကိုင်နေသူများက ထောက်ပြ ပြောဆို သည်။
လက်ရှိအချိန်တွင် အစိုးရအနေဖြင့် လည်း CSO များနှင့် ဆက်ဆံရေးတွင် ပိုမိုကောင်းမွန်စွာဆောင်ရွက်ရန် ကောင်း မွန်သော မူဝါဒတစ်ရပ် ချမှတ်ရန်လိုအပ် နေပြီး၊ CSO များဘက်မှလည်း CSO များ များပြားနေခြင်းကို စုစည်းရန်လိုအပ် နေကာ ပြည်သူလူထုအတွက် တကယ်အ ကျိုးဖြစ်ထွန်းစေနိုင်မည့် CSO များဖြစ် ရန် လိုအပ်ကြောင်း ထောက်ပြပြောဆိုမှု လည်းရှိနေသည်။
သို့မှသာ တိုင်းပြည်ပြောင်းလဲရေး၊ တိုင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးပိုင်းတွင် အစိုးရကို ထိန်း ကျောင်းနိုင်ရုံသာမက ပြည်သူလူထု၏ အကျိုးစီးပွားကို တိုးတတ် ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်များက ထောက်ပြပြောဆိုသည်။
CSO များ အားကောင်းရန်လိုအပ် လာခြင်းနှင့်ပတ်သက်၍ ဦးကျော်ဝင်းက “လာရီဒိုင်းမွန်းက ဘာပြောလဲဆိုတော့ ရွေးကောက်ပွဲမှာ တောင်ပြို ကမ်းပြိုနိုင် လိုက်ပြီဆိုရင် အဲ့ဒီအစိုးရအနေနဲ့ ပါလီမန် တွင် အတိုက်အခံ မရှိသလောက်အားနည်း သွားတယ်။ အဲ့လိုဆိုရင် Check and Balance အားကောင်းအောင် ဘာလုပ် ဖို့လိုမလဲ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ မီဒီယာလွတ်လပ်မှုကို ပိုပြီးတော့ ဂရုတ စိုက်နဲ့အားပေးဖို့လိုပါတယ်” ဟု မှတ် ချက်ပြုပြောဆိုသည်။

Advertisements
<

Leave a Reply