News Federal Times

ကျိုင်းတုံ၊ မေ ၃၀ ။        ။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသမှ ဘိန်းစိုက်ပျိုးထုတ်လုပ်သောတောင်သူများအား မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် နယ်သာလန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ Transnational listitute တို့ ပူးပေါင်း၍ ပညာပေးဖိုရမ်ကို မေ ၂၉ ရက်မှ ၃၀ ရက်အထိ ကျိုင်းတုံ မြို့ရှိ တိုင်းလိယဉ်ကျေးမှုခန်းမ၌ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါပညာပေးဖိုရမ်သို့ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လားဟူတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှတာဝန်ခံ ဦးကျားယီရှဲနှင့် အဖွဲ့ဝင် များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသနယ်မြေအတွင်းမှ ဘိန်းစိုက်ပျိုးထုတ်လုပ်နေသော တောင်သူ(၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
“လက်ရှိကမ္ဘာမှာ မူးယစ်ဆေးဝါးမူဝါဒများပြောင်းလဲရေးကို အရှိန်မြှင့်ဖော်ဆောင်နေပါတယ်။ မူးယစ်ဆေးဝါးများ နဲ့ပတ်သက်တဲ့ ပြစ်မှုကြောင်းအရ အရေးမယူဘဲ ဖြေလျှော့ပေးတဲ့ချဉ်းကပ်နည်းနဲ့ လုပ်ဆောင်ချက်အသစ်များ ကို ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ မူးယစ်ဆေးဝါးဆိုင်ရာပြဿနာကိုလည်း ကိုင်တွယ်ဖြေရှင်း ခြင်း အပြောင်းအလဲများကိုပြုလုပ်ဖို့ရည်ရွယ်ပြီး အခုဖိုရမ်ကိုပြုလုပ်ရခြင်းဖြစ်ပါတယ်။”ဟု နယ်သာလန်နိင်ငံ ခြားရေးဝန်ကြီးဌာနမှဦးဆောင်သူ Mr.Joris Van Bommel ကပြောသည်။


ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသည် လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်သော ရွှေတြိဂံနယ်မြေအ တွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားရာနေရာအဖြစ် ထင်ရှားပြီး ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်များအတွင်းရှိ ဝေးလံခေါင်ဖျားသောနေရာများ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသက လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များကင်းဝေးပြီး ငြိမ်းချမ်းတဲ့အ ခြေအနေကောင်းများကို ရရှိနေပြီဖြစ်ပေမယ့် မိသားစုစားဝတ်နေရေးအတွက် ဘိန်းစိုက်ပျိုး အသက်မွေးဝမ်း ကျောင်းပြုနေရသူတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒီအခြေအနေကို ဘယ်လိုပြုပြင်ပြောင်းလဲပြီး ကောင်းမွန်တိုးတက် တဲ့ဝန်းကျင်သစ်ကိုဖန်တီးနိုင်ဖို့ နည်းလမ်းရှာတဲ့အနေနဲ့ ဒီဖိုရမ်ကိုလာရောက်တက်ရခြင်းဖြစ်ပါတယ်။”ဟု လားဟူ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှတာဝန်ခံ ဦးကျားယီရှဲကပြောသည်။
လက်ရှိတွင်လည်း အစိုးရက ဘိန်းစိုက်ပျိုးထုတ်လုပ်မှုလျော့နည်းပပျောက်ရေးစီမံချက်များ နှစ်စဉ်ချမှတ်ဆောင် ရွက်နေကြောင်း ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Leave a Reply