Advertisements
နောက်ခံအကျဉ်း
Swisscontact သည် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် လွတ်လပ်စွာ စီမံဆောင်ရွက်နေသည့် ဆွစ်ဖောင်ဒေးရှင်း တစ်ခုဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်  ရေရှည်တည်တံ့သော စီးပွားရေး ဖွံဖြိုးမှုဖြစ်လာစေရန်မြှင့်တင်ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ Swisscontact သည် လက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံ အသက်မွေးမှု သင်တန်းများ အကောင်အထည်ဖော်မှုကို ထောက်ပံ့ရန်အတွက် LVT Instructor for Beautician (ဆံပင်၊ မိတ်ကပ်နှင့် အလှပြင် သင်တန်းနည်းပြ) (၂) ဦး  ကို ရှာဖွေနေပါသည်။
LVT Instructor for Beautician (ဆံပင်၊ မိတ်ကပ်နှင့် အလှပြင် သင်တန်းနည်းပြ) အရည်အချင်း လိုအပ်ချက်များ
  • ဆံပင်ညှပ်နည်း အမျိုးမျိုး၊ ခေါင်းလျှော်ခြင်း၊ ဆံပင်အရောင် အမျိုးမျိုးဆိုးခြင်း၊ ဆံပင်ကောက်ခြင်း/ဖြောင့်ခြင်း၊ မျက်နှာအသားအရည် ထိန်းသိမ်းခြင်း၊ အဓိက ဆံပင်ထုံးနည်းများ၊ ပွဲလမ်းသဘင်များအတွက် မိတ်ကပ်အလှပြင်ခြင်း အတတ်ပညာများ ကျွမ်းကျင်သူ ဖြစ်ရမည်။
  • လုပ်သက် အနည်းဆုံး (၅) နှစ် လုပ်ကိုင်ဖူးသူဖြစ်ရမည်။
  • အခြေခံပညာအထက်တန်းအောင်မြင်သူဖြစ်ရမည်။ သက်ဆိုင်ရာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ ဦးစားပေးမည်။
  • အသက် (၃၀) နှင့် အထက်ရှိရမည်။
  • အသင်းအဖွဲ့နှင့် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
  • အခွင့်အရေးကို လက်လှမ်းမမှီ သူများ၏ နည်းပညာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ပြင်းပြသော စိတ်ဝင်စားမှုနှင့် အားတက်သရော ပါဝင်လုပ်ဆောင်မှု ရှိရမည်။
  • ဒေသတွင်းအတွေ့အကြုံရှိသူကို ဦးစားပေးမည်။
  • သင်တန်းနည်းပြ၏ အလုပ်အကိုင်နှင့် ပတ်သက်ဆက်နွယ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုရှိသူကို ဦးစားပေးမည်
  • မွန်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသတွင်း နေထိုင်သူများကို လျှောက်ထားရန် တိုက်တွန်းပါသည်။
အလုပ်လျှောက်ရန်
စိတ်ပါဝင်စားသူများသည် ၎င်းတို့၏ CV (ကိုယ်ရေးအချက်အလက်အကျဉ်း) နှင့် ယခု စီမံကိန်းတွင် မည်သည့် အတွက်ကြောင့် ပါဝင်ချင်သည်ကို စာပိုဒ်တိုရေးသားပြီး အောက်ဖော်ပြပါ Swisscontact ရုံး သို့မဟုတ် Email: [email protected] သို့ ၂၀၁၉ခုနှစ် သြဂုတ်လ (၁၂) ရက်၊ ညနေ (၅)နာရီခွဲ နောက်ဆုံးထားပြီး  ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါရုံး (သို့) ကိုတေဇာလင်း ၊ အကြီးတန်းစီမံကိန်းအရာရှိ ၊ ကျေးလက်အခြေပြုသက်မွေးပညာသင်တန်းလုပ်ငန်း၊ ရန်ကုန်မြို့၊ ဖုန်း – ၀၉ ၂၅၂၄၃၀၂၆၅၊ ၀၉ ၇၉၄၆၉၀၀၅၈ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
Swisscontact – အမှတ်၊ ၄၃၇ (ဘီ)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ၁၁၀၄၁ ရန်ကုန်၊ မြန်မာ။

Leave a Reply