ရန်ကုန် ၊ နိုဝင်ဘာ ၂ ။ ။ ယခင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး ၏ သားဖြစ်သူ ဦးဇော်မင်းအေးပိုင်ဆိုင်သည့် The Messenger အပတ်စဉ်ထုတ် ဂျာနယ် ထုတ်ဝေခြင်းကို ယခုနိုဝင်ဘာ လကုန်မှစတင်ကာ ရပ်နားမည် ဖြစ်ကြောင်း ယင်းဂျာနယ်၏ တာ ဝန်ခံအယ်ဒီတာ ဦးသန်းထိုက်အောင်က ပြောကြားသည်။

” ပိုင်ရှင်တွေဘက်က တစ်နေ့က အကြောင်းကြားတာပါ။ ဒီလကုန် နားမယ် ဝန်ထမ်းတွေရဲ့ လစာကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှတော့ မပြောသေးဘူး ။ ” ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာလကုန်မှ ရပ်နားမည်ဟု အကြောင်းကြား ထား သော်လည်း ဂျာနယ်ထုတ်ဝေ ခြင်းမရှိသည်မှာ လေးပတ် ခန့်ကြာနေပြီ ဖြစ်ကြောင်း ဦးသန်းထိုက်အောင်က ဆိုသည်။

” ငွေကြေးအကျိုးအမြတ်မရှိလို့ အခက်အခဲ အချို့ရှိလို့ ရပ်လိုက်တာပါ။ ဝန်ထမ်းတွေရဲ့ ရသင့်ရပိုင်ခွင့်ကို တာဝန်ရှိသူတွေက ဖြေရှင်းပေးမှာပါ ဘယ်အချိန်လဲ ဆိုတာကတော့ ပြောလို့မရသေးပါဘူး။” ဟု The Messenger မှ HR မန်နေဂျာ ဦးကျော်သူရချစ်က ပြောကြားသည်။

The Messenger ဂျာနယ်ကို ၂၀၁၀ ခုနှစ်မှ စတင်ထုတ်ဝေ ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် The Messenger Media မှ ထုတ်ဝေခဲ့သည့် The Messenger နေ့စဉ်သတင်းစာနှင့် မန္တလေးအလင်း သတင်းစာတို့မှာလည်း ရပ်နားခဲ့ပြီးဖြစ်သည်။

Written by ကျော်စိုးမိုး

Leave a Reply