ဉာ ဏ်ကြီးရှင်အဖွဲ့လို့လည်းအလွယ်ခေါ်ကြတယ်။ နှစ်စဉ်ထိပ်တန်း ဉာဏ်ကြီးရှင်အဖွဲ့များကိုစောင့်ကြည့်တဲ့ Global Go to Think Tank အဖွဲ့ကြီးကဒီလိုအတိုချုံးအဓိပ္ပါယ်ဖွင့်တယ်။ Think Tank တွေဟာ ပြည်သူ့ရေးရာ မူဝါဒ တွေ သင့်တင့်မျှတစွာပေါ်ထွက်လာဖို့ သုတေသနပြုတယ်။ မူဝါဒအကျိုးအပြစ်ကိုသုံးသပ်တယ်။ ပြည်တွင်းပြည်ပအရေးတွေနဲ့ပတ်သက်လို့ ဘယ်လိုကိုင် တွယ်ရမယ်ဆိုတာအစိုးရကို အကြံပေးရတဲ့ သူ တွေဖြစ်တယ်။ အစိုးရရဲ့လုပ်ငန်း ( ပြည်သူ့ရေးရာ)ကိုရှေ့ရှုရတယ်ဆို ပေမယ့်အစိုးရတစ်ခုတည်းနဲ့သာမက လူထုကိုပါဆက်ဆံရတယ်။ မူဝါဒရေးရာချမှတ်သူတွေအနေနဲ့ တကယ်လူထုဘဝထဲမှာအတွင်း ကျကျဖြစ်ပျက် နေတာတွေကိုတကယ်သိနေအောင်ကြားကလုပ်ပေးရသူတွေဖြစ်တယ်။

c0-copy

Think Tank တွေကိုအစိုးရနဲ့နီးစပ်တာကြောင့် အချို့ကတော့ ဆင်စွယ်နန်းတော်ထဲသာ နေသူတွေလို့စွပ်စွဲကြ တယ်။ အမေရိကားရဲ့ Think Tank ကြီးတစ်ခုဖြစ်တဲ့ The Heritage Foundation ရဲ့ဥက္ကဌ Ed Feulner, Jr က Think Tank တွေဟာ စိတ်ကူးစိတ်သန်းတွေ ကိုတူးဆွသူ အတွေးအခေါ်တွေကိုသစ်ဆန်း စေသူတွေ လို့မြင် တယ်။ သူ့အနေနဲ့ကတော့ Think Tank ဆိုတာ လူ့အဖွဲ့အစည်းအတွက် ဘာလုပ်သင့်တယ်ဆိုတာကို သတ်မှတ်ပေးသူတွေဖြစ်တယ်။
ဒီလိုလုပ်ဖို့လိုအပ်တဲ့မဟာဗျူဟာကို ချမှတ်သူတွေဖြစ်တယ်။ လူ့အဖွဲ့အစည်း ကိုကျရောက်မယ့်ဘေးအန္တရယ်ကိုတားဆီးဖို့ ကာကွယ်ဆေးဖော်စပ်သူတွေလို့ဆိုတယ်။ သူကပြောတယ်။ “အိုက်ဒီယာတွေရဲ့စစ်ပွဲဟာ စကားလုံးတွေရဲ့စစ်ပွဲအသွင်ပေါ်လာပါတယ်။ ဒီစစ်ပွဲဟာပညာ စီးချင်းထိုးပွဲပါတဲ့။ လီနင်ပြောခဲ့သလို အိုင်ဒီယာတွေဟာ စစ်ပွဲတွေထက်လိုကိုပိုပြီး သေကြေပျက်စီးနိုင်တာ ကြောင့် Ideaတွေဟာ အရေးကြီးပါတယ်တဲ့။

Think Tank အဖွဲ့အစည်းတွေဟာ တနည်းအားဖြင့်ပြည်သူ့ရေးရာအကြံပေး သုတေသီတွေဟာအစိုးရရဲ့ လက်အောက်ခံဖြစ်ချင်မှဖြစ်မည်။ အစိုးရအမှီအခိုကင်းပြီး လောင်းရိပ်မမိဘဲအကြံပေး နိုင်သူတွေ လည်းဖြစ်နိုင် တယ်။ သူတို့ရဲ့အခန်းကဏ္ဍဟာ ကြုံရင်ကြုံသလိုအခွင့်အရေးပေါ်မှ အစိုးရကိုအကြံပေး၊ မူဝါဒတွေကိုသုံး သပ်တာမျိုး မဟုတ်ဘဲ ဒီလုပ်ငန်းတွေကို သာတစဉ်တစိုက်ရည်သန်ဆောင်ရွက် တဲ့သတ်သတ်မှတ်မှတ် အဖွဲ့အစည်းတွေဖြစ်ရမယ်။ သူတို့ဟာ တက္ကသိုလ် အသိုင်းအဝိုင်းထဲကပညာရှင်တွေနဲ့ အစိုးရ အရာရှိတွေကြား တံတားထိုးပေးသူတွေဖြစ်သလို အစိုးရနဲ့ ပြည်သူ့လူ့အဖွဲ့အစည်း ( အရပ်ဘက်လူ့အဖွဲ့အစည်း) ကြားက ပေါင်းကူးတွေလည်းဖြစ်လေ့ရှိကြတယ်။

Think Tank တွေဟာအမေရိကားမှာတော့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်းမှာမူဝါဒရေးရာ တွေအတွက်ပိုပြီး အရေးပါလာခဲ့တယ်။ နိုင်ငံပေါင်း ၁၈၂ နိုင်ငံဟာ Think Tank ကိုပီပီပြင်ပြင်တည်ဆောက် တဲ့နိုင်ငံ တွေဖြစ် တယ်။ ဒါပေမယ့်ကမ္ဘာပေါ်မှာရှိတဲ့ Think Tank စုစုပေါင်းရဲ့ ၆၀ % ဟာ အမေရိကနဲ့ အနောက်ဥရော ပမှာတည်ရှိတာဖြစ်တယ်။ ဒီ ဉာဏ်ကြီးရှင်အဖွဲ့တွေရဲ့ တစ်ဝက်ကျော်ကျော်ကတက္ကသိုလ်တွေနဲ့ချိတ်ဆက်လှုပ်ရှားနေတာဖြစ်တယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်မှာတော့ ကမ္ဘာတလွှားမှာ Think Tank အရေအတွက်ကျဆင်းလာနေခဲ့တယ်။

အမေရိကန်ပြည်ထောင်စုမှာ Think Tank ပေါင်း ၁၈၂၃ ခုရှိတယ်လို့ ပင်ဆလိုင်ဗေးနီးယားတက္ကသိုလ် ရဲ့သုတေ သနတစ်ခုကဆိုတယ်။ အမေရိကန် Think Tank တွေရဲ့ ၉၀.၅ ရာခိုင်နှုန်းဟာ ၁၉၅၁နောက်ပိုင်း မှသာပေါ်လာကြတာဖြစ်တယ်။ Think Tank အားလုံးရဲ့လေးပုံတစ်ပုံဟာအမေရိကန်အစိုးရရုံးစိုက်ရာ ဝါရှင်တန်ဒီစီမှာတည်ရှိကြတယ်။

၂၀ ရာစုနဲ့ ၂၁ ရာစုမှာ Think Tank တွေဘာ့ကြောင့်ပိုပြီးအရေးပါလာခဲ့သလဲ

• သတင်းနည်းပညာဖွံ့ဖြိုးလာတာကြောင့်
• အစိုးရတွေဟာသတင်းအချက်အလက်ကို ဆက်လက်ပြီးလက်ဝါးကြီးမအုပ်နိုင်တော့တာကြောင့်
• မူဝါဒရေးရာတွေဟာ ပိုမိုရှုပ်ထွေးလာပြီး နည်းပညာပိုင်းလိုအပ်ချက်ပိုမြင့်မားလာတာကြောင့်
• အစိုးရဌာနတွေရဲ့လုပ်ငန်းအရွယ်အစားချဲ့ထွင်လာတာကြောင့်
• ပြည်သူတွေအနေနဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ ရွေးကောက်တင်မြှောက်ခံနိုင်ငံ ရေးသမားတွေကို မယုံတာကြောင့်
• ဂလိုဘယ်လိုက်ဇေးရှင်းက အစိုးရနဲ့ အစိုးရမဟုတ်သူတွေရဲ့အခန်းကဏ္ဍ ကိုပိုပြီး ကျယ်ပြန့်စေတာ ကြောင့်
• ပြည်တွင်းပြည်ပအရေးတွေကိုဆုံးဖြတ်ရာမှာ နေရာမှန် လူမှန် အချိန်မှန် အယူအဆမှန်မမှန် ဆိုတာတွေကိုအချိန်နဲ့တပြေးညီသိနေဖို့ ပိုပြီးလိုအပ်လာတာကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုကြတယ်။

လတ်တလောမှာ Think Tank အရေအတွက် ကျဆင်းလာနေတယ်။ ဘာ့ကြောင့်လဲ။

• နိုင်ငံအတော်များများမှာ Think Tank နဲ့ NGO ကို ရန်လုပ်ချင်တဲ့ နိုင်ငံရေးသမားတွေနဲ့ ဥပဒေအထိန်း အကွပ်တွေပိုများလာတာ
• မူဝါဒရေးရာသုတေသနတွေလုပ်ဖို့ အစိုးရနဲ့ ပုဂ္ဂလိက က ထောက်ပံ့တဲ့ သုတေသနရံပုံငွေတွေနည်းပါး လာတာ
• အစိုးရနဲ့ ပုဂ္ဂလိကအလှုငွေတွေဟာ မဏ္ဍပ်တိုင်တက်ပြလို့ကောင်းတဲ့ ပေါ်ပေါ်ထင်ထင် ခုလှု ခု ရလဒ်ကိုမြင်နိုင်တဲ့ အလှုကိုပိုစိတ်ဝင်စားပြီး ရေရှည် ဉာဏ်ပညာနဲ့

အဖွဲ့အစည်းတွေအားကောင်းဖို့အရေး ကိုလျစ်လျူရှုလာတာ

• Think Tank တွေကိုယ်တိုင် မိမိအဖွဲ့အစည်းကိုအင်အားတောင့်တင်းအောင်မလုပ်နိုင်တာ၊ အပြောင်းအလဲကြားမှာ မရှင်သန်နိုင်တာ
• မူဝါဒရေးရာအကြံပေးတွေကြားမှာ ပြိုင်ဆိုင်မှုတွေပြင်းထန်လာတာကြောင့် ( အထူးသဖြင့် အမြတ်အစွန်း ဘက်ကိုကြည့်တဲ့ စီးပွားရေးမူဝါဒအကြံပေးများ၊ ဥပဒေအကြံပေးများ၏ နေရာရလာခြင်း၊ အချိန်နှင့် တပြေးညီ ၂၄ နာရီလုံးလွှင့်ထုတ်နေသောမီဒီယာသတင်းများရှိလာခြင်းကလည်း Think Tank တွေရဲ့အရေးပါမူကိုလျော့ပါးလာစေတယ်)
• အချို့ Think Tank တွေကတော့သူတို့ ဖွဲ့စည်းကတည်းကသန္ဓေတည်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရည်ရွယ်ချက်တွေ ပြည့်ဝသွားတာနဲ့တပြိုင်နဲ့ အကြံပေးသုတေသီ အလုပ်ကို လျစ်လျူရှုလိုက် တာကြောင့် Think Tank အဖွဲ့ အစည်းတွေ လျော့ကျ လာတယ် လို့ပညာရှင် တွေက လတ်တလော ပြောဆိုနေကြပါတယ်။

မြန်မာ နိုင်ငံမှာတော့ Think Tank ဉာဏ်ကြီးရှင်အဖွဲ့ တွေ ထင်ထင်ရှားရှား ထွက်ပေါ်လာတာ ကို ယခု အစိုးရ ထိ မတွေ့ရသေးပါဘူး ။

Leave a Reply