Advertisements

ထားဝယ်၊ ဇူလိုင် ၁၀

Victoria အမှု ကဲ့သို့ သက်ငယ်မုဒိမ်းမှုများ နောက်ထပ်မဖြစ်ပေါ်စေရေးနှင့် တရားမျှတမှုရှိစွာဖြင့်ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ပေးအတွက် ထားဝယ်မြို့တွင် ဇူလိုင်လ ၁၀ရက်နေ့၊မွန်းလွဲပိုင်းက လူအင်အား ၂၅၀ဦးကျော်ဆန္ဒထုတ်ဖော်ခဲ့သည်။

“ ဒီနေ့လုပ်တဲ့ပွဲက Victoriaတစ်ယောက်တည်းအတွက် မဟုတ်ဘဲ့နဲ့ကလေးသူငယ်အားလုံးအတွက် သက် ငယ်မုဒိမ်းမှုပပျောက်စေရေး၊ သက်ငယ်မုဒိမ်းမှု လျောကျလာစေရေး၊တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုရှိရှိ နဲ့ တကယ့်တရာခံစစ်မှန်ကို ထိထိရောက်ရောက်နဲ့အရေးယူပေးဖို့ ရည်ရွယ်ချက်နဲ့လုပ်တာဖြစ် တယ်”ဟု ဆန္ဒပြခေါင်းဆောင်ဦးဇေလင်းဦး ကဆိုသည်။

လက်တလော ထားဝယ်မြို့တွင်လည်း သက်ငယ်မုဒိမ်းမှုတစ်ခုဖြစ်ပွားပြီးယင်းကိစ္စမှာလူသိများ သည်ပ ကိစ္စ ဖြစ်ကာ လူမသိသူမသိဖြစ်ပွားသည့်ကိစ္စများလည်းရှိသည်ဟုကြားနေရကြောင်းယင်းသို့မဖြစ်အောင် ဖြစ်လာလို့ရှိလျင်လည်း တရားခံကိုလျောလျောပေါ့ပေါ့မဟုတ်ဘဲ့ ထိထိရောက်ရောက်အရေးယူပေးရန် ပြောလိုကြောင်း ၎င်းက ပြောသည်။

ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူဦးသန်းဝင်းကလည်း မြန်မာနိုင်ငံအတွင်း ယနေ့အချိန်တွင် သက်ငယ်မု ဒိမ်းမှုများ Victoriaကို အခြေခံပြီးတော့ ပိုမိုပြီး တရားမျှတမှုပေါ်ပေါက်လာရေးနှင့် မိမိတို့ဒေသတွင်လည်း ယင်းသို့ဖြစ်ပျက်များ ရှေ့တွင်အများကြီးကြုံခဲ့ရပြီး အခုလက်ရှိလည်းကြားနေရဆဲ ထပ်တိုး လဲ့ကြားနေ ရကြောင်း ပြောသည်။

“ ဒါတွေစိတ်ပူတဲ့အတွက်ကြောင့်တားဆီးနိုင်ဖို့ ဖျောက်ဖျက်နိုင်ဖို့ လျောချနိုင်ဖို့Victoriaကိုအခြေခံပြီး ဒေသအတွင်းသက်ငယ်မုဒိမ်းပပျောက်ရေးလုပ် ဆောင်ရခြင်းဖြစ်တယ်”ဟု ဦးသန်းဝင်းက ဆိုသည်။

ဆန္ဒထုတ်ဖော်သူများကသက်ငယ်မုဒိမ်းမှုပပျောက်ရေး၊သက်ငယ်မုဒိမ်းမှုများအားတရားမျှတစွာထိထိရောက် ရောက်အရေးယူဆောင်ရွက်ပေးရေး၊Victoriaအမှုကဲ့သို့ နောက်ထပ်မပေါ်ပေါက်စေရေး ကြွေးကြော်အသံ(၃)ချက်ကို ကြွေးကြော်ကာ ထားဝယ်မြို့၊မြောင်းပုလဲ့ရပ်ကွက်ရှိ ရွှေဂူကျောင်း တိုက်အရှေ့မှ ဆန်းချီ ရပ် ကွက်ကို တစ်ပတ်ချီတက်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

တင့်လွင်

Advertisements
<

Leave a Reply