Advertisements

နယူးယောက် ဇန်နဝါရီ ၂၂

Facebook ကုမ္ပဏီ ပိုင်ဆိုင်တဲ့ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ WhatsAppရဲ့ စာပို့နိုင်တဲ့ လူဦးရေကို တစ်ကြိမ်မှာ ငါးယောက်သာပို့နိုင်ဖို့ လျှော့ချလိုက်တယ်လို့ ကုမ္ပဏီက တရားဝင်ကြေညာပါတယ်။

“ဒီနေ့ကစပြီး တစ်ကြိမ်ကို လူငါးယောက်ဆီပဲ စာပို့နိုင်ဖို့ ကန့်သတ်လိုက်ပါပြီ။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်”လို့ WhatsAppရဲ့ မူဝါဒရေးရာ ကော်မတီဒုတိယဥက္ကဌ ဗစ်တိုးရီးယားက ပြောပါတယ်။

Advertisements
data-language="en"

အခုလို လျှော့ချလိုက်ရ တာဟာ သတင်းအမှားနဲ့ ကောလဟာလတွေ ပျံ့ပွားတာကို တားဆီး၊ လျှော့ချနိုင်ဖို့ဖြစ်တယ်လို့ ကုမ္ပဏီ ဘက်က တာဝန်ရှိသူတွေက ဇန်နဝါရီလ ၂၁ရက်နေ့ညနေပိုင်းမှာ ပြောပါတယ်။ မူလက WhatsAppမှာ တစ်ကြိမ်ကို လူအယောက် ၂၀ သို့မဟုတ် အုပ်စု ၂၀ဆီကို တစ်ပြိုင်နက် စာပို့နိုင်တာ ဖြစ်ပြီး အိန္ဒိယမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ ကောလဟာလ ပျံ့နှံ့မှုတွေကြောင့် ယခုလို ကန့်သတ် လိုက်တာ ဖြစ်ပါတယ်။

WhatsAppကို ကမ္ဘာအနှံ့မှာ လက်ရှိအသုံးပြုနေသူ သန်း၁၅၀၀ကျော်ရှိပြီး လူမှုကွန်ယက်ပလက်ဖောင်း တွေဟာ ကောလဟာလဖြန့်ဖို့ အလွယ်ကူဆုံး ဖြစ်နေတာကြောင့် ယခုလို့ မူဝါဒသစ်နဲ့ ကန့်သတ်ရတယ်လို့ သူမက ပြောပါတယ်။

ဒီလိုမူဝါဒအသစ်တွေဖြစ်လာတာဟာ ၂၀၁၈ခုနှစ်အောက်တိုဘာအတွင်းမှာ ကျင်းပခဲ့တဲ့ ဘရာဇီးရွေးကောက်ပွဲ မှာ ဝင်ရောက် ရွေးကောက်ခံခဲ့တဲ့ ကိုယ်စားလှယ်လောင်း ဂျာရာဘိုဆိုနာရိုဟာ အတိုက်ခံဘက်က လူတွေရဲ့ ကောလဟာလတွေ၊ သတင်းအမှားတွေ ဖြန့်တာကို ခံခဲ့ရတာကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။

သတင်းအမှားတွေကို facebook နဲ့ WhatsAppကအဓိက ဖြန့်ခဲ့ကြတာဖြစ်ပြီး ဂျာရာဘိုဆိုနာဟာ WhatsAppကို တရားဆွဲခဲ့ပါသေးတယ်။

လူဦးရေကန့်သတ်တာကိုတော့ အန်းဒရိုက်ဖုန်းတွေမှာ update လုပ်ပြီးတာနဲ့ ချက်ချင်းအသုံးပြုနိုင်မှာဖြစ်ပြီး IOSအသုံးပြုသူတွေအတွက်တော့ အော်တို ကန့်သတ်ပြီးသားဖြစ်လာမယ်လို့ သိရပါတယ်။

CNA

Leave a Reply