Advertisements

မော်လမြိုင်၊ သြဂုတ်

ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲပြားကုန်းကျေးရွာတွင် သြဂုတ် ၉ ရက်၊နံနက်ပိုင်းက တောင်မြေပြိုကျမှုတွင် YBG ကုမ္ပဏီမှ ၆ ဘီးကုန်တင်ယာဉ်တစ်စီး  ပိမိခဲ့ပြီးထပ်မံ ဖျက်ဆီးခြင်းခံရမှုကို စုံစမ်းဖော်ထုတ်ပေးရန် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံသို့ တင်ပြထားကြောင်း YBG ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဦးဉာဏ်စိုးလှိုင်က ပြောသည်။

“တောင်မြေ မပြိုကျခင်က ကျွန်တော်ကုမ္ပဏီ ကားတစ်စီး ဖြတ်လို့မရလို့ ရပ်ထားပြီး ဖုန်းဆက်နေတဲ့အချိန်မှာ တောင်မြေပြိုကျပြီး ကားကို မြေပိခဲ့တာပါ။ ယာဉ်မောင်း ဖုန်းသတင်းပို့လို့အဲဒီတောင်ပြိုတဲ့နေရာသွားပြီးကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ဝိုင်းကူညီပေးခဲ့ပြီး မြေကြီးပိနေတဲ့ ကုမ္ပဏီပိုင် ၆ဘီးကုန်ကားကို ကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့နေရာနဲ့ လွတ်တဲ့နေရာကိုပြောင်းရွှေ့ခဲ့တယ်”ဟု၎င်းက ဆိုသည်။

မြေကြီးပိနေရာမှ သယ်ယူပြီးလမ်းဘေးတစ်နေ၌ရွှေ့ပြောင်းခဲ့ပြီး သြဂုတ် ၁၃ ရက်နေ့၌ ၎င်းမော်တော်ယာဉ်အားသွားရောက်သယ်ယူချိန်တွင် မိမိမော်တော်ယာဉ်ကို ဘက်ဟိုးယာဉ်ဖြင့် မယူ၍ ပဒုမ္မာဆပ်ပြာစက်ရုံဘေးလမ်းကြားသို့ ပို့ဆောင်ခဲ့သည့်အပြင် ဘူဒိုဇာဖြင့် ထိုးချေတွန်းထုတ်ခဲ့သည့်အသွွင်  ယာဉ်အင်ဂျင်နှင့်  အခြားအစိတ်အပိုင်းများ ပြုပြင် အသုံးပြုမရနိုင်သောအခြေအနေဖြစ်ခဲ့ကြောင်း ဦးဉာဏ်စိုးလှိုင်က ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို တာဝန်ပေးထားတယ်လို့ သိရတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦးကပြောသည်။

တောင်မြေပြိုကျမှုကြောင့် ယင်းလုပ်ငန်းတွင် ၂ ရက်တိုင်တိုင် လူအင်အားစက်ပစ္စည်းများ ပါဝင်ကူညီဆောင်ရွက်ခဲ့စဉ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများ အားနည်းနေသည်ကို မြင်တွေ့ခဲ့ရကြောင်း ဦးဉာဏ်စိုးလှိုင်က ဆိုသည်။

တောင်မြေပြိုကျမှုကြောင့် ကယ်ဆယ်ရေး အဖွဲ့ဝင်များ ရှာဖွေတွေ့ရှိမှုမှာ သြဂုတ် ၁၆ ရက်နေ့အထိ  သေဆုံးသူအလောင်း၆၉ လောင်းတွေ့ရှိပြီး ပျောက်ဆုံးနေသူ ၃ ဦး ကျန်ရှိနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

HT

Leave a Reply