News Federal Times

ရန်ကုန်၊ မေ ၂၃ ရက်။ ။ မရမ်းကုန်းမြို့နယ်ရှိ တပ်မတော်ပိုင်မြေနေရာတွင်တည်ဆောက်ထားသည့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ဘုရင့် နောင်ပွဲရုံများမှာ မြေနေရာငှားရမ်းမှုသက်တမ်းပြည့်တော့မည်ဖြစ်သဖြင့် ရွှေပြည်သာမြို့နယ်ရှိ ဝါးတစ်ရာစက်မှု ဇုန်သို့ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။
ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပွဲရုံများအား နေရာပြောင်းရွှေ့ဖွင့်လှစ်ရခြင်းမှာ ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်နေခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ပြီး ပြောင်းရွှေ့ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် လည်း ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဘုရင့်နောင်ကုန်စည်ဒိုင်နဲ့ ပွဲရုံတန်းမြေနေရာကိုလည်း တပ်မတော်က ပြန်တောင်းနေပါပြီ။ ဒါကိုလည်း လုပ်ငန်း ရှင်တွေကို အသိပေးပါတယ်။ ငှားရမ်းထားတာလည်း ကာလပြည့်တော့မှာဆိုတော့ ပြန်ပေးရမှာဖြစ်တဲ့အတွက် ကြိုပြောထားတာပါ။”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ၌ မေ ၂၀ ရက်က ကျင်းပသည့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံပွဲ၌ ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ပွဲရုံအား ဝါးတစ်ရာစက်မှုဇုန်သို့ ပြောင်းရွှေ့မည်ဆိုပါက လုပ်ငန်းရှင်များ ကို မြေနေရာအစားထိုးပြန်လည်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရဖွဲ့သို့ တင်ပြသွားမည်ဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် လမ်း၊ တံတားများပြုပြင်တည်ဆောက်ရန် ဆောက်လုပ်ရေး ဝန်ကြီး ဌာနနှင့်လည်း ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဘုရင့်နောင်ကို ဝါးတစ်ရာကိုပြောင်းရွှေ့ဖို့ကိစ္စ ဘုရင့်နောင်ပွဲရုံတန်းက လူတွေအားလုံးကလည်း သဘောတူပြီး သားဖြစ်တယ်။ ဝါးတစ်ရာမှာရှိတဲ့ စီးပွားရေးလုပ်ရှင်တွေကိုလည်း ဆွေးနွေးပြီးသားဖြစ်ပါတယ်။ (၉၀)ရာခိုင်နှုန်း ကျော်လောက်က သဘောတူထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းရဦးမယ်။” ဟု ဦးဖြိုးမင်းသိန်းကပြောသည်။


ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပွဲရုံအား ဝါးတစ်ရာစက်မှုဇုန်သို့ပြောင်းရွှေ့မည်ဆိုပါက လက်ရှိနေရာထက် တစ်နာ ရီကျော်ကြာ ပိုမိုသွားရောက်ရမည်ဖြစ်ခြင်းကြောင့် ကုန်ပစ္စည်းများပို့ဆောင်ရာ၌ သယ်ယူပို့ဆောင်ရေးစရိတ် ပိုမိုကုန်ကျလာခြင်း၊ ကုန်စည်ဒိုင်တွင်လုပ်ကိုင်နေသည့်အလုပ်သမားများအတွက် အခက်အခဲများဖြစ်လာနိုင် ကြောင်း သိရသည်။
ဝါးတရာစက်မှုဇုန်နေရာမှာ ရန်ကုန်မြို့နှင့် အလှမ်းကွာဝေးခြင်း၊ မော်တော်ယာဉ်ကြီးများသွားလာရေး ကားလမ်း များပြုပြင်ရန်လိုအပ်နေပြီး ကုန်စည်ဈေးနှုန်းများလည်း မြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ထားသည်။
“ဒီနေရာက ယာဉ်ကြောပိတ်တဲ့အတွက် ဟိုကိုပြောင်းတာလည်း လက်ခံရမှာပဲ။ ကောင်းဖို့လုပ်တဲ့ကိစ္စဖြစ်လို့ ကျွန်တော်တို့လက်ခံရမှာပေါ့။ ဒါကောင်းတော့ ကောင်းပေမယ့် အောင့်အီးသည်းခံပြီး လိုက်ရမယ့်သဘောဖြစ် တယ်။ တစ်ယောက်တည်း ကန့်ကွက်လို့မှမရတာ။ ဒါကို သူတို့ပြောင်းရင်တော့ ဘယ်လိုမှမတတ်နိုင်ဘူး။”ဟု မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ထုတ်လုပ်ရောင်းချသူများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးထွန်းစိန်ကပြောသည်။
ဘုရင့်နောင်ကုန်စည်ဒိုင်၏ မြေနေရာငှားရမ်းခြင်းဂရမ်သက်တမ်းမှာ (၂၅)နှစ်ဖြစ်သဖြင့် လက်ရှိတွင် ဂရမ် သက်တမ်းပြည့်ပြီဖြစ်ခြင်းကြောင့် ပြောင်းရွှေ့ရခြင်းဖြစ်ပြီး ဘုရင့်နောင်ကုန်စည်နှင့် ပွဲရုံတန်းများကို ၁၉၉၀ ခုနှစ်ဝန်းကျင်၌ တပ်မတော်ပိုင်မြေတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
___
MMK

Leave a Reply