News Federal Times

ရန်ကုန် မေ (၁၅)ရက် ။       ။ မြန်မာနိုင်ငံရှိ စက်မှုလက်မှုလုပ်ငန်း နည်းပညာများနှင့် ဈေးကွက်ခိုင်မာတိုးတက်စေရေးကို အထောက်အကူပြု နိုင်ရန် နိုင်ငံပေါင်း(၈) နိုင်ငံမှ စက်ပစ္စည်းနှင့် စက်မှုလုပ်ငန်းဆိုင်ရာ နည်းပညာများပါဝင်မည့် နိုင်ငံတကာ စက်ပစ္စည်းနှင့် စက်မှုလုပ်ငန်းပြပွဲ ၂၀၁၇ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ငွေပင်လယ်မီဒီယာမှ သိရှိရသည်။
အဆိုပါ ပြပွဲကို မန္တလေးတိုင်းဒေသကြီး မန္တလေးစက်မှုဇုန်ရှိ ကနောင်ခန်းမတွင် မေ(၂၃)ရက်မှ မေ (၂၅)  ရက်ထိ ကျင်းပသွားည်ဖြစ်ကြောင်း ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
“တရုတ်က စက်ပစ္စည်းတွေ ဝင်လာပြီး နောက်ပိုင်း စိန်ခေါ်မှုတွေရှိလာခဲ့တယ်။ ပြည်တွင်းက စက်မှုလုပ်ငန်းတွေ အားနည်းလာခဲ့တယ်။ အခုလိုမျိုးပြပွဲကို ပထမအကြိမ် ပြပွဲပြုလုပ်မယ်ဆိုရင် စက်မှုလုပ်ငန်းတွေအနေနဲ့ ပြန်လည်ပြီး ဖွံ့ဖြိုးတိုတက်လာမယ့် အနေထားတွေ ရှိပါတယ်။”ဟု မန္တလေးစက်မှုဇုန် စီမံခန့် ခွဲရေးကော်မတီ ဒုဥက္ကဌ ၁ ဦးနေဝင်း က ပြောသည်။


နိုင်ငံတကာ စက်ပစ္စည်းနှင့် စက်မှုလုပ် ငန်းပြပွဲအပြင် ပြည်တွင်းမှ ထုတ်လုပ် သည့် အရည်အသွေးမီ စက်ပစ္စည်းများ ကိုလည်း ပြိုင်ပွဲကျင်းပပေးသွားမည် ဖြစ်ကာ အဆိုပါပြိုင်ပွဲနှင့်အတူ စက်မှုပ ညာရှင်များ။ စီးပွားရေးပညာရှင်များ။ ဥပဒေပညာရှင်များ။ အောင်မြင်နေ သောလုပ်ငန်းများမှ လုပ်ငန်းရှင်များ၏ ဆွေးနွေးပွဲများကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
“ဒီလိုပြပွဲတွေပြတဲ့အတွက် အလုပ်ကိုင် အခွင့်အလမ်းတွေလည်းရမယ်။ ခရီး သွားလုပ်ငန်းကိုလည်း အထောက် အကူပြုမယ်။ ပြပွဲမှာပါဝင်ပြသသူတွေအတွက် ဈေးကွက်လည်း ပိုပြီးခိုင်မာလာမယ်။ လာရောက်ကြည့်ရှုသူတွေ အနေနဲ့လည်း စက်ပစ္စည်းတွေ ဝန်ဆောင်မှုတွေ၊ နည်းပညာတွေ ပိုရလာမယ်။ ဒါ့အပြင် အရည်သွေး ကောင်းတာတွေကို ပိုရွေးချယ်ခွင့် ရှိလာမယ်။” ဟု ငွေပင်လယ်မီဒီယာ၏ အထွေထွေမန်နေဂျာ ဒေါ်ပြုံးပြုံးအောင်က ပြောသည်။
နိုင်ငံတကာ စက်ပစ္စည်းနှင့် စက်မှုလုပ်ငန်းပြပွဲ၌ ဆွစ်ဇာလန်၊ ဂျာမနီ၊ ထိုင်း၊ သြစတေးလျ၊ စင်္ကာပူစသည့် နိုင်ငံ များ အပါဝင်ပြည်ပကုမ္ပဏီပေါင်း ၃၀ ကျော် လာရောက်ပြသမည်ဖြစ်ပြီး ပြခန်းပေါင်း(၇၆)ခန်း ပြသသွားမည်ဖြစ် ကြောင်း သိရသည်။
ထိုပြပွဲ၌ စက်မှုဆိုင်ရာနည်းပညာနှင့် ပစ္စည်းများ။ စက်မှုလက်မှုလုပ်ငန်းသုံး ပစ္စည်းများ။ လျှပ်စစ်နှင့် အီလက်ထ ရောနစ်ပစ္စည်းများ၊ သရီးဒီနည်းပညာများ၊ ဆန်စက်များ၊ မီးစက်များ၊ သယ်ယူရွှေ့ပြောင်းစက်များ၊ ဂျုံစက်များ၊ သီးနှံအခြောက်ခံစက်များ၊ ဖော့လစ်များ၊ မော်တာများ၊ ရေပန့်များ၊ အင်ဂျင်ဝိုင်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

MMK

Leave a Reply