News Federal Times

ရန်ကုန်၊ မေ ၁၆ ။        ။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နှင့် ထိန်ပင်သုဿန်ကြားတွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ စတင်ကာ သုံးနှစ်စီမံကိန်းဖြင့် သားသတ်ရုံတည်ဆောက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရှိရသည်။
လှိုင်သာယာနှင့် ထိန်ပင်သုဿန်ကြား မြေဧက (၈၀၀) ပေါ်တွင် သားသတ်ရုံတစ်ခု တည်ဆောက်သွားမည် ဖြစ်ရာ လက်ရှိအချိန်တွင် မြေညှိခြင်း၊ လျှပ်စစ်မီးရရှိရန် လုပ်ဆောင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းများ ပြုလုပ် နေပြီ ဖြစ်ကြောင်း သိရသည်။
“အင်းစိန် ရွာမမှာရှိတဲ့ သားသတ်ရုံက လူဦးရေထူထပ်လာတာကြောင့် မသင့်တော်တော့ပါဘူး။ ဒါကြောင့်မို့လို့ လှိုင်သာယာမွေးမြူရေးဇုံနဲ့ ထိန်ပင်ကြားမှာရှိတဲ့ မြေဧက ရှစ်ရာမှာ လာမည့်နှစ်ကနေစပြီးတော့ သားသတ်ရုံ တစ်ခုတည်ဆောက်သွားမှာဖြစ်ပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးရာ ဝန်ကြီး ဦးမြင့်သောင်း ကပြောသည်။


မေလ (၁၆) ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်း အဝေး (၁၄)ရက်မြောက်နေ့တွင် အင်းစိန်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးဝေဖြိုးဟန် မေးမြန်းရာတွင် ဝန်ကြီးက ယင်းကဲ့သို့ဖြေဆိုခြင်း ဖြစ်သည်။
“စိုက်ပျိုးရေ မြေဆိုတာရှိပေမယ့် မွေးမြူရေးအတွက် သီးသန့်မြေဆိုတာရှားပါတယ်။ လူဦးရေထူထပ်သိပ် သည်းလာတာနဲ့ အမျှ သားသတ်ရုံတွေကထွက်တဲ့ အညစ်အကြေးတွေဟာ ပတ်ဝန်းကျင်ကို ထိခိုက်မှုတွေ ရှိလာပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ကလည်း တိုင်တန်းမှုတွေရှိလာတယ်။”ဟု အင်းစိန်မြို့နယ်မဲဆန္ဒ နယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တိရိစ္ဆာန် မွေးမြူခွင့် မရှိသည့် မြို့နယ် (၁၉) မြို့နယ်ရှိနေပြီး လှိုင်သာယာ မြို့နယ်၌ ၁၉၉၇ ခုနှစ်တွင် မွေးမြူရေးဇုန် (၁) ၊ ၁၉၉၉ ခုနှစ်တွင် မွေးမြူရေးဇုန် (၂) ရှိပြီးဖြစ်ကာ လက်ရှိ အချိန်တွင် (၃)ခုမြောက်ဆောက်လုပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်

MMK

Leave a Reply