News Federal Times

ရန်ကုန်၊ မေ ၂၂ ရက် ။        ။ အဆိုတော် သာဒီးလူက “ကျွန်တော်ရူးနေသည်” ဆိုသည့် ၎င်း၏ ဒုတိယအယ်လ်ဘမ်ကို အချိန်ယူပြင်ဆင်၍ အကောင်းဆုံးဖန်တီးနေကြောင်း သိရှိရသည်။
“ကျွန်တော်ကတော့ ကျွန်တော်ရူးနေသည်ပေါ့။ ဆိုလိုတာက။ ထွက်ဖို့ကို သေချာမလုပ်ရသေးပါဘူး။ စိတ်တိုင်းကျ လုပ်နေရလို့ပါ။ အရင်အယ်လ်ဘမ်ထက်ပိုကောင်းအောင် သေချာလုပ် ချင်လို့ပါ။”ဟု သာဒီးလူက ပြောသည်။
ကျွန်တော်ရူးနေသည် အယ်လ်ဘမ်ကို Rock & Role Oldies အယ်လ်ဘမ်အဖြစ် ဖန်တီးမည်ဖြစ်ကာ သီချင်း (၅) ပုဒ်မှာ အဆိုပိုင်းပြီးစီးသွားပြီဖြစ်ပြီး ရော့ခ်သီချင်းဟောင်းများပုံစံကို ပရိသတ်များ အသစ်ခံစားနိင်ရန် ဖန်တီးနေကြောင်း သိရသည်။


သာဒီးလူ၏ ပြယုဂ်အယ်လ်ဘမ်ထွက်ရှိစဉ်က ပရိသတ်ကို ပညာသားမပြည့်ဝဘဲ ပေးဆပ်ခဲ့ခြင်းကြောင့် “ကျွန် တော်ရူးနေသည်”အယ်လ်ဘမ်တွင် ဂီတပိုင်းနှင့် အဆိုပိုင်းကို ပြီးပြည့်စုံစေရန် ပြင်ဆင်နေကြောင်း သိရသည်။
သာဒီးလူသည် Melody World ပြိုင်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က ဆု မရရှိခဲ့သော်လည်း အဆိုတော် အဖြစ် အောင်မြင်ပြီးနောက်ပိုင်းတွင် သာဒီးလူ၏ သီချင်းများကို ပြိုင်ပွဲများတွင် သီဆိုနေကြခြင်းအပေါ် ဂုဏ်ယူမိကြောင်း သာဒီးလူက ပြောသည်။
အဆိုတော်သာဒီးလူသည် ပြယုဂ်အယ်လ်ဘမ်ကိုထွက်ရှိခဲ့ပြီး ပြည့်တန်ဆာ၊ ပျံသန်းလိုက်ဟူသည့်သီချင်းများ သည် ၎င်း၏ အအောင်မြင်ဆုံးသီချင်းများဖြစ်သည်။

MMK

Leave a Reply