News Federal Times

ရန်ကုန်၊ မေ ၂၃ ရက် ။        ။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် အူရီဒူးမြန်မာမှ ဆင်းကဒ်များကို ဖုန်းခေါ်ဆို၍ ရောင်းချ ခြင်း လုံးဝမရှိဘဲ တရားဝင်အရောင်းဆိုင်များတွင်သာ ရောင်းချပေးလျက်ရှိကြောင်း အူရီဒူးက မေ ၂၃ ရက်တွင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
“အူရီဒူးအနေနဲ့ သုံးစွဲသူများရဲ့ တန်ဖိုးရှိသည့်အချိန်အတွက် မည်ကဲ့သို့သော နှောက်ယှက်မှုမျိုးမဖြစ်စေဖို့ အဓိကထား ဆောင်ရွက်နေပါတယ်။ ဒါကြောင့် အူရီဒူးအနေနဲ့ ဆင်းကဒ်တွေကို သုံးစွဲသူများထံ ဖုန်းခေါ်ဆို ရောင်းချခြင်းမျိုးကို လုပ်ဆောင်ခြင်းမရှိပါဘူး။”ဟု အူရီဒူးမြန်မာမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အူရီဒူးမြန်မာအနေဖြင့် သုံးစွဲသူကြိုက်နှစ်သက်ရာ နံပါတ်များပါဝင်သည့် ဆင်းကဒ်များကိုဝယ်ယူရာတွင် My Ooredoo အက်ပလီကေးရှင်းကို အသုံးပြု၍ဝယ်ယူနိုင်သလို အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင်၊ အရောင်းဆိုင် ခွဲ၊ လက်လီအရောင်းဆိုင်နှင့် ကျေးလက်ဒေသများရှိ အရောင်းဆိုင်များတွင် သွားရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။


သုံးစွဲသူအနေဖြင့် My Ooredoo အက်ပလီကေးရှင်းဖြင့် ဝယ်ယူမည်ဆိုပါက အက်ပလီကေးရှင်းတွင်ပါဝင်သည့် Reserve Number ကိုနှိပ်၍ ကြိုက်နှစ်သက်ရာဂဏန်း အနည်းဆုံး(၄)လုံးနှိပ်ကာ ဖုန်းနံပါတ်အလှ ရှာဖွေနိုင်ပြီး မိမိကြိုက်နှစ်သက်သည့်ဂဏန်းကိုထောက်၍ ဈေးနှုန်းကိုပါသိရှိနိုင်ကြောင်း သိရသည်။
ထို့နောက် Proceed ခလုတ်ကိုနှိပ်၍ မိမိကြိုက်နှစ်သက်ရာနံပါတ်မှာယူနိုင်ပြီး နံပါတ်မှာယူမှုအောင်မြင်ကြောင်း အတည်ပြုမက်ဆေ့ချ်ပို့ပေးမည်ဖြစ်ကာ (၂၄)နာရီအတွင်း အဆိုပါဆင်းကဒ်ကို နီးစပ်ရာအရောင်းဆိုင်သို့ သွားရောက်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အူရီဒူးမြန်မာသည် ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် ဆက်သွယ်ရေးလိုင်စင်ရရှိခဲ့ပြီး ဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ်၊ သြ ဂုတ်လတွင် စတင်ပေးအပ်ခဲ့ကြောင်း သိရသည်။

MMK

Leave a Reply