News Federal Times

ရန်ကုန်၊ မေ ၂၄ ရက် ။         ။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသော မ.ဘ.သ ဆိုင်းဘုတ်များ အပြီးပိုင်ဖြုတ်သိမ်း ရေးနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မ.ဘ.သ ၏ ဗဟို ဦးဆောင်ဆရာတော် ဒေါက်တာအရှင်သောပါကက မိန့်ကြားသည်။
“မ.ဘ.သ ဆိုင်းဘုတ်ဖြုတ်ချခြင်း၊ မချခြင်းဆိုတာကိုလည်း ဦးဇင်းတို့က ဆက်လက်ပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ မ.ဘ.သ နာမည်တပ်ခြင်း၊ မတပ်ခြင်းဟာလည်း အဓိကမကျဘူးလေ။ တစ်နိုင်ငံလုံးမှာ မ.ဘ.သ တွေက မြို့နယ်တိုင်းမှာရှိတယ်။ မြို့နယ်တိုင်းမှာ ဆိုင်းဘုတ်မတင်တဲ့ မ.ဘ.သတွေ အများကြီးရှိပါတယ်။ ဒီအတိုင်းပဲ အလုပ်လုပ်နေတာလေ။ ဆိုင်းဘုတ်ဖြုတ်ဆိုလည်းဖြုတ်ဖို့ ဘာမှခဲခဲယဉ်းယဉ်းမရှိပါဘူး။ ဦးဇင်းတို့ဆို ဆိုင်းဘုတ်မတပ်ဘဲ အလုပ်လုပ်နေကြတာ”ဟု ဒေါက်တာ အရှင်သောပါကက မေ ၂၃ ရက်တွင် မိန့်ကြားသည်။
သတ္တမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မ.ဟ.န)၏ (၄၇)ပါးစုံညီအစည်းအဝေးတွင် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)သည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းတို့နှင့် ညီညွတ်ခြင်းမရှိသဖြင့် တရားမဝင်အဖွဲ့အစည်းအဖြစ် ဆုံးဖြတ်ထားသောကြောင့် ဆုံး ဖြတ်ချက်အချက်(၄)ချက်ကိုဆောင်ရွက်ကြရန် မ.ဟ.နမှ ဒုတိယဥက္ကဌဆရာတော်ကြီးနှင့် တွဲဖက်အကျိုးဆောင် ဆရာတော်တို့က လက်မှတ်ရေးထိုးထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်(၄)ချက်တွင် မ.ဘ.သ အမည်ကို မည်သည့်အမှုကိစ္စအတွက်မှ ဆောင်ရွက်ခြင်းမပြုရန်၊ မ.ဘ.သ ဆိုင်းဘုတ်များကို ဇူလိုင် ၁၅ ရက်တွင် အပြီးတိုင်ဖြုတ်သိမ်းရန်၊ လိုက်နာခြင်းမရှိပါက ရဟန်းဖြစ်စေ၊ လူဖြစ်စေ သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် အရေးယူရန်နှင့် ဆုံးဖြတ်ချက်များအတိုင်း ပြည်ထဲရေးဝန်ကြီးဌာ နက အမြန်ဆုံးအရေးယူဆောင်ရွက်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


လက်ရှိအချိန်တွင် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အစည်းသည် သံဃာအဖွဲ့အစည်းသပ်သပ် မဟုတ်ဘဲ လူပုဂ္ဂိုလ်များနှင့်ပါဖွဲ့စည်းထားသဖြင့် သံဃာ့စည်းမျဉ်းအရ ငြိစွန်းခြင်းမရှိသည့်အပြင် အသင်းအဖွဲ့ဥပ ဒေနှင့်လည်းညီညွတ်ကြောင်း ဒေါက်တာ အရှင်သောပါကက ဆက်လက်မိန့်ကြားသည်။
“တရားမဝင်အဖွဲ့အစည်းဖြစ်တယ်ဆိုတာ နဂိုကတည်းကသိပြီးသားပဲ။ ဆရာတော်တွေပြောနေတာက သံဃာ အဖွဲ့အစည်းပဲ၊ ဦးဇင်းတို့က သံဃာအဖွဲ့အစည်းသပ်သပ်မဟုတ်ဘူး။ တရားမဝင်အဖွဲ့အစည်းဆိုတာ ရှင်းပြပြီး သားလေ။ တရားဝင်အဖွဲ့အစည်းဆိုတာ နိုင်ငံတော်သံဃနာယကအဖွဲ့အောက်မှာ သံဃာ့အဖွဲ့အစည်းမရှိရဘူးဆို တဲ့မူကြောင့် ဆရာတော်တွေကပြောတယ်။ ဦးဇင်းတို့ကလည်း သံဃအဖွဲ့အစည်းမှမဟုတ်တာကို၊ မ.ဘ.သ ဆို တာ အမျိုးသားရော၊ အမျိုးသမီးရောပါတယ်။ ဒါကြောင့် သံဃစည်းမျဉ်းစည်းကမ်းအရ ဘာမှငြိစွန်းတာမရှိဘူး လေ။ ဆရာတော်တွေက တရားမဝင်ဘူးပြောတာကလည်း သူ့မူနဲ့မညီလို့ပြောတယ်။ ဦးဇင်းတို့ကလည်း သူ့မူနဲ့ ငြိစွန်းအောင်နေတာမဟုတ်ဘူး။ ဒီဘက်ကလည်း အသင်းအဖွဲ့များဥပဒေနဲ့ ညီညွတ်သလို သံဃအဖွဲ့အစည်း မဟုတ်ခြင်းကြောင့် မ.ဟ.နနဲ့ မူနဲ့ ငြိစွန်းတာမရှိပါဘူး။ ဒီအပေါ်မှာ တရားမဝင်ဘူးဆိုတာကို ဘာမှတုန့်ပြန်စရာ မရှိဘူး။”ဟု ဒေါက်တာ အရှင်သောပါကက မိန့်ကြားသည်။
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများလည်း ညိုနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မည်ကဲ့သို့လုပ်ဆောင်သွားမည်ကို မိန့်ကြား၍ မရသေးဘဲ နိုင်ငံတော်သံဃမဟာနာ ယကအဖွဲ့၏ (၄၇)ပါးစုံညီအစည်းအဝေးမှဆုံးဖြတ်ချက်များအတိုင်း ကြိုးစားလိုက်နာကာ အမျိုးဘာသာသာသ နာကိစ္စများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

==

MMK

Leave a Reply