News Federal Times

ရန်ကုန်၊ မေ (၂၄) ရက် ။        ။ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ရေရှည်ချုပ်ငြိမ်းရေးအတွက် သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ ချဉ်းကပ်မှုပုံစံသစ်တစ်ခုကို သဘောတူညီချက်ရရန် အရေးပေးဂရုစိုက်သင့်ကြောင်း မြန်မာနိုင်ငံပွင့်လင်းမြင်သာ မှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့(MATA)က မေ ၂၃ ရက်တွင် သတင်းထုတ်ပြန် ချက်အရ သိရှိရသည်။
မြန်မာနိင်ငံ၏ တန်ဖိုးရှိသည့် အရင်းအမြစ်များသည် တိုက်ပွဲများဖြစ်ရန် တွန်းအားပေးနေသည့် အရာများ ဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင်အရင်းအမြစ်စီမံခန့်ခွဲမှုသည်အရေးပါကြောင်း အဆိုပါထုတ်ပြန်ချက်တွင်  ဖော်ပြပါရှိသည်။
“အဓိကကတော့ သယံဇာတတွေကိုထုတ်ယူဖို့ လိုင်စင်ချပေးတဲ့အခါမှာ လူထုတွေပါဝင်မှာဖြစ်တဲ့အတွက် လူထု အတွက်အကာကွယ်ပေးနိုင်မယ့်ဟာမျိုး ဖြစ်စေချင်တယ်။ သယံဇာတအစိတ်အပိုင်းတွေကို တိုင်းရင်းသားတွေ အနေနဲ့ စနစ်တကျလုပ်ဆောင်မယ်ဆိုလို့ရှိရင် စစ်ပွဲတွေဟာ လျော့နည်းလာမှာလည်းဖြစ်ပါတယ်။”ဟု MATA ၏ ရှမ်းပြည်နယ် တာဝန်ခံ ကိုအောင်ကျော်မိုးက ပြောသည်။


မြန်မာနိုင်ငံတွင် သဘာဝသယံဇာတအုပ်ချုပ်မှုအတွက် မျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပူးပေါင်းပါဝင်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအခြေခံသော ချဉ်းကပ်မှုသည် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင်အရေးကြီးကြောင်း သိရသည်။
၂၁ ရာစုပင်လုံညီလာခံ၊ ဒုတိယအကြိမ်အစည်းအဝေးကို မေ ၂၄ ရက်တွင် နေပြည်တော်၌ ကျင်းပနေပြီး တွေ့ ဆုံ ဆွေးနွေးပွဲများသည် မြန်မာ့သဘာဝအရင်းအမြစ်များအတွက် အခြေခံအုတ်မြစ်သစ်တည်ထောင်ရန် အခွင့် အလမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။
သဘာဝအရင်းအမြစ်များနှင့်စပ်လျဉ်း၍ ချဉ်းကပ်မှုပုံစံသစ်တစ်ခုကိုသဘောတူရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ပတ်သက်သောအဖွဲ့အစည်းများအားလုံးသို့ မေတ္တာရပ်ခံထားရာတွင် ပူးပေါင်းပါဝင်မှု၊ ရေရှည်တည်တံ့ရေး၊ အသုံးပြုလုပ်ကိုင်ဆောင်ရွက်ခွင့်၊ အကာအကွယ်အစီအမံများ၊ ပွင့်လင်းမြင်သာမှု၊ ခိုင်မာသောအင်စတီကျူးရှင်း များ၊ အကျိုးအမြတ်ခွဲဝေမှု၊ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းများ ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့(MATA)သည် သ ဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများကို အဓိကလုပ်ဆောင်ပြီး အရပ်ဖက်အဖွဲ့အစည်း(၅၀၀)နီးပါးဖြင့် ဖွဲ့စည်း ထားသည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။

MMK

Leave a Reply