News Federal Times

ရန်ကုန်၊ မေ ၂၄ ရက် ။         ။ စင်္ကာပူနိုင်ငံ SMU (Singapore Management University) က ကျင်းပမည့် လီကွမ်ယု Business Planing ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ရန် ပထဆုံးအကြိမ် ဖိတ်ကြားထားကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ သိရှိရသည်။
ပြည်တွင်းတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ရန် ပထမဆုံးအကြိမ် ဖိတ်ကြားခံခဲ့ရ ခြင်းဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများကို စင်္ကာပူဒေါ်လာ(၁)သန်းချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
“စီးပွားရေးလုပ်ငန်းတစ်ခုကို အခြေခံကစပြီး အကျိုးအမြတ်ရရှိအောင်တည်ထောင်သွားမယ့် ကိုယ်ပိုင်အတွေး အခေါ်ပုံစံကို တင်ပြယှဉ်ပြိုင်ရမှာဖြစ်တယ်။”ဟု မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်း ရေးမှူး(၃) ဒေါ်အေးအေးသင်းက ပြောသည်။


IT နယ်ပယ်မှ လူငယ်များအနေဖြင့် အတွေးအခေါ်အသစ်များမှ လုပ်ငန်းစတင်လုပ်ကိုင်နိုင်ရန် လမ်းကြောင်း ပေးခြင်းဖြစ်ပြီး ယှဉ်ပြိုင်မည့်သူများအနေဖြင့် Business Plan များကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်သို့ ပေးပို့နိုင်ပြီး လိုအပ်ချက်များကို စိစစ်အကြံပြုချက်ပေးသွားမည်ဖြစ်ကြောင်း ဒေါ်အေးအေးသင်းက ပြောသည်။
ယှဉ်ပြိုင်လိုသူများသည် ယှဉ်ပြိုင်မည့် ပရောဂျက်အကြောင်းရေးသားထားသည့် အကျဉ်းချုပ်၊ ပါဝါပွိုင့် ရှင်းလင်း ချက်၊ ဗွီဒီယိုတင်ပြချက်များကို ဇွန် ၁၆ ရက်နောက်ဆုံးထားကာ www.smu.edu.sg/lky ဝက်ဘ်ဆိုက်သို့ ပေးပို့ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
“ပေးပို့တဲ့ Business Plan တွေကို အွန်လိုင်းအကဲဖြတ်အမှတ်ပေးတဲ့ပုံစံနဲ့ ရွေးချယ်သွားမှာဖြစ်ပါတယ်။ နောက် ဆုံးအဆင့်ပြိုင်ပွဲဝင်ဖို့ ရွေးချယ်ခံရသူတွေကို စင်္ကာပူနိုင်ငံကနေ စရိတ်ငြိမ်းခေါ်ယူမှာပါ။ သင်တန်းတွေပေးသွား မှာပါ။”ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းတင့်က ပြောသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေဖြင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်အပါအဝင် နည်းပညာတက္ကသိုလ်များသို့လည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေဖြင့်လည်း ပြည်တွင်းမှလူငယ်များအတွက် Business Planing ပြိုင်ပွဲ များကို ဂျပန်နိုင်ငံ၊ အစ္စရေးနိုင်ငံ၊ ကိုးရီးယားနိုင်ငံတို့ဖြင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။

MMK

Leave a Reply