News Federal Times

ရန်ကုန်၊ မေ ၂၉ ရက် ။         ။ အထက်မြန်မာပြည်တွင် စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်တစ်ခုတည်ထောင်ပေးရန် တိုက်တွန်းကြောင်းအဆိုကို မေ ၂၉ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေးတွင် မိုး ညှင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက တင်သွင်းခဲ့ကြောင်း သိရှိရသည်။
မွေးမြူရေးတက္ကသိုလ်ကို သီးခြားတည်ထောင်ခြင်းမပြုဘဲ ကုသရေးမပါသော မွေးမြူရေးသပ်သပ်ကို စိုက်ပျိုး ရေးနှင့် ပူးတွဲထားသော စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်အဖြစ် ဖွင့်လှစ်တည်ထောင်ပေးပါက နိုင်ငံ၏ လိုအပ်ချက် ဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးဖြင့် ဘွဲ့ရသူများကို ဖြည့်ဆည်းသွားနိုင်မည်ဖြစ်ကြောင်း အဆိုတင်သွင်းခဲ့ ခြင်းဖြစ်သည်။


“အထက်မြန်မာပြည်အတွက် စိုက်မွေးတက္ကသိုလ်တစ်ခုထားသင့်တယ်။ နေပြည်တော်မှာ တစ်ခုပဲရှိတာ။ စိုက် ပျိုးရေးကိုအဓိကလုပ်ကိုင်နေတဲ့တိုင်းပြည်မှာ စိုက်/မွေးရေးပညာရှင်တွေနည်းတယ်။ ခေတ်မီနည်းစနစ်တွေနဲ့ စိုက်ပျိုးရေးကဏ္ဍကို သွားမယ်ဆိုရင် စိုက်ပျိုးရေးပညာရှင်တွေ မရှိလို့မရဘူး။“ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။
နေပြည်တော်တွင် စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုရှိနေပြီး အထက်မြန်မာပြည်တွင်လည်း စိုက်ပျိုးမွေးမြူရေးတက္က သိုလ်တစ်ခုကို ထားရှိပေးရန်လိုအပ်ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ ပြည်ထောင်စုကားလမ်းမကြီးဘေးတွင် စားကျက်မြေဧရိယာ(၇၀၀) ကျော်ရှိပြီး အဆိုပါ မြေသည် တက္ကသိုလ်တစ်ခုတည်ထောင်နိုင်သည့် အကျယ်အဝန်းရှိကြောင်း ဦးကျော်ကျော်ဝင်းက ပြောသည်။
ဦးကျော်ကျော်ဝင်းတင်သွင်းသည့် အဆိုကို ဗန်းမော်မြို့နယ်မဲဆန္ဒနယ်မှ ဦးဇော်သင်းက ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုကို ဇွန် ၁ ရက်တွင် လက်ခံဆွေးနွေးရန် ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးထွန်းတင်က အတည်ပြုလိုက် ကြောင်း သိရသည်။

MMK

Leave a Reply