News Federal Times

ရန်ကုန်၊ မေလ(၂)ရက် ။       ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသားဘောလုံး အကယ်ဒမီတွင် Coffee Shop ဖွင့်လှစ်နိုင်ရန် အတွက် အိတ်ဖွင့်တင်ဒါစနစ်အဖြစ် ဆောင်ရွက်မည်ဖြစ်၍ လုပ်ကိုင်လိုသော မြန်မာနိုင်ငံသား လုပ်ငန်းရှင်မည်သူမဆို ဝင်ရောက်အဆိုပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ Coffee Shop သည် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမကြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံး နံဘေးတွင် တည်ရှိပြီး အမျိုးသားဘောလုံးအကယ်ဒမီနှင့် လေ့ကျင်းရေးမြက်ခင်းတု အားကစားကွင်း (၁)/(၂) သို့ လာရောက်သူများအား ရောင်းချရန် ရည်ရွယ်ကာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အကျယ်အဝန်းမှာ ၆၀၀ စတုရန်းပေခန့်ရှိပြီး Daikin အမှတ်တံဆိပ် Air Con (၃)လုံး၊ စားပွဲ(၉)လုံး၊ ထိုင်ခုံ (၂၈)လုံး၊ ထီးကြီး (၂)လက်၊ မီးဆိုင်း (၁၁)လုံး၊ ဘေစင် (၂)လုံး၊Toilet (၁)လုံး၊ ကောင်တာ (၁)လုံးတို့ ပါဝင်သည်။
အိတ်ဖွင့်တင်ဒါ တင်သွင်းရန်ပုံစံနှင့် စည်းကမ်းချက်များကို ဧပြီ(၂၈)ရက် မှ မေ(၇) ရက်နေ့အထိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးခန်းတွင် လာရောက် စုံစမ်းထုတ်ယူနိုင်ပြီး မေ(၈)ရက် နေ့လည် (၃း၀၀) နာရီ နောက်ဆုံးထား၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ရုံးခန်းတွင် တင်ဒါတင်သွင်းမှု ပုံစံ အပြည့်အစုံကို လာရောက် တင်သွင်းရမည်ဖြစ်သည်။


မေလ(၈)ရက်မတိုင်မီ ရုံးဖွင့်ချိန်အတွင်း ဆိုင်ခန်းအား ကိုယ်တိုင် လာရောက်ကြည့်ရှုစစ်ဆေးနိုင်ပြီး တင်ဒါနှင့် ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တယ်လီဖုန်းအမှတ် – ၀၁ ၈၅၆၉၉၆၀၊ ၀၁ ၈၅၆၉၉၆၁ ၊ ၀၁ ၈၅၆၉၉၆၄ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

MMK

 

Leave a Reply