News Federal Times

ရန်ကုန်၊ မေ ၃၀ ရက် ။         ။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာတွင် မေ ၃၀ ရက်၊ နေ့လယ်ပိုင်းက လေပြင်းတိုက် ခတ်မှုကြောင့် အ.ထ.က(ခွဲ)စာ သင်ကျောင်းနှင့် အိမ်ခြေ(၈၇)လုံးခန့်ပျက်စီးသွားကြောင်း ညောင်ဦးမြို့နယ်  အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်ထံမှ သိရှိရသည်။
“မိုးက သိပ်မသည်းပါဘူး။ လေပြင်းတစ်ချက်တိုက်လိုက်တာ။ စာသင်ဆောင်ပေါ်ကို ထန်းပင်တွေပိသွားပြီးတော့ ပျက်စီးသွားတာပါ။ ရွာအိမ်ခြေ(၈၇)လုံးလောက် ပျက်စီးသွားတယ်။ အခုတော့ ဌာနဆိုင်ရာက တာဝန်ရှိသူတွေ လည်းရောက်လာပြီးတော့ ရှင်းလင်းရေးတွေ အခုလုပ်နေပါတယ်။”ဟု ညောင်ဦးမြို့နယ် အမှတ်(၁)တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်ကပြောသည်။
အဆိုပါကြအိုကျေးရွာ၌ မေ ၃၀ ရက်၊ နေ့လယ်(၁၂)နာရီ(၄၅)မိနစ်တွင် မိုးရွာခဲ့ပြီးနောက် လေပြင်းတိုက်ခတ်ခဲ့ သဖြင့် ကျောင်းသားဦးရေ(၅၀၀)ခန့်ရှိသော စာသင်ဆောင်မှာ လုံးဝပျက်စီးသွားခဲ့ပြီး ကြအိုကျေးရွာတွင် စုစုပေါင်းအိမ်ခြေ(၃၂၀) ရှိသည့်အနက် အိမ်ခြေ(၈၇)လုံးပျက်စီးသွားခဲ့ကြောင်း သိရသည်။
“မကြာမီ ကျောင်းဖွင့်ရာသီလည်းရောက်တော့မှာဆိုတော့ ချက်ချင်းပြင်ဆင်ဖို့ လုပ်ဆောင်နေပါတယ်။ ကျောင်း လာတက်မယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ ယာယီစာသင်ပေးဖို့ လုပ် ဆောင်နေပါတယ်”ဟု ဦးဝင်းမြင့်ခိုင်ကပြောသည်။
လက်ရှိတွင် လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးသွားသည့် ကြအိုကျေးရွာသို့ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ လူကယ်ပြန်ဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ လျှပ်စစ်ဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်ရောက်ရှိကာ ကူညီပေးနေ ကြောင်း သိရသည်။

MMK

Leave a Reply