News Federal Times

ရန်ကုန်၊ မေ ၃၀ ။        ။ Hayman Capital အသေးစား ငွေရေးကြေးရေးကုမ္ပဏီအနေဖြင့် May Bank ထံမှ ချေးယူထားသည့် အမေရိကန် ဒေါ်လာ တစ်သန်းအား အသေးစားစီးပွားရေးလုပ်ငန်းများနှင့် တစ်နိုင် တစ်ပိုင်လုပ်ငန်းရှင်များထံ အပေါင်မဲ့စနစ်ဖြင့် ပြန်လည်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံ အခြေစိုက် Hayman Capital အသေးစား ငွေရေးကြေးရေးကုမ္ပဏီမှ သိရှိရသည်။
ရန်ကုန်မြို့ရှိ Melia Hotel တွင် မေ ၂၉ ရက်ကပြုလုပ်သည့် Hayman Capital နှင့် May Bank တို့ ချေးငွေယူ ခြင်းဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင် Hayman Capital မှ တာဝန်ရှိသူကပြော ဆိုခဲ့ခြင်းဖြစ်သည်။
“May Bank ကနေချေးယူတဲ့ ဒီချေးငွေတွေက ကျွန်တော်တို့ကျေးလက်မှာရှိတဲ့ ငွေချေးဖောက်သည်တွေအ တွက် အထောက်အကူပြုမယ်လို့ထင်ပါတယ်။ ဒါက ပထမဦးဆုံး အခြားကနေချေးငွေယူပြီးတော့ ငွေချေးတဲ့ လုပ်ငန်းကို တိုးချဲ့တာဖြစ်တဲ့အတွက် နောက်ထပ်လည်း ချေးငွေထပ်ယူပြီးတော့ တိုးချဲ့ချေးပေးနိုင်အောင် ဆောင်ရွက်သွားမယ်။”ဟု Hayman Capital မှ အမှုဆောင်အရာရှိချုပ် Mr.Sultan Marenov ကပြောသည်။


အသေးစားလုပ်ငန်းများနှင့် တစ်နိုင်တစ်လုပ်ငန်းများထံ ငွေထုတ်ချေးပေးရာတွင် လုပ်ငန်းသက်တမ်း (၃)လရှိရ မည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုနှင့် အကျိုးအမြတ်ရရှိမှုပေါ်မူတည်၍ ထုတ်ချေးပေးခြင်းဖြစ်ကာ တစ်ဦးချင်းချေး ငွေအဖြစ် ကျပ်(၁၂)သိန်းမှ ကျပ်သိန်း(၅၀)ထိကို ချေးငွေသက်တမ်း(၁)နှစ်ခွဲကာလ၊ အုပ်စုလိုက်ချေးငွေအဖြစ် တစ်ဦးလျှင် ကျပ်(၁)သိန်းမှ ကျပ်(၁၀)သိန်းအထိ ချေးငွေသက်တမ်း(၁)နှစ်ကာလ ချေးယူခွင့်ရှိကြောင်း သိရသည်။
“ချေးငွေကို တစ်လတစ်ကြိမ် အတိုးနှုန်း(၂.၅)ရာခိုင်နှုန်းနဲ့ သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ ပြန်လည်ပေး ဆပ်ရမှာဖြစ်ပါတယ်။ အခုလို ချေးငွေထုတ်ချေးတဲ့အတွက် အသေးစားလုပ်ငန်းတွေနဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်း တွေကို အခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ဖြစ်ပါတယ်။”ဟု Hayman Capital ကုမ္ပဏီ၏ Finance Officer ဒေါ်ရီမွန်ဦးကပြောသည်။
အဆိုပါချေးငွေများကို ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန်မြို့နယ်၊ လှည်းကူးမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

MMK

Leave a Reply