News Federal Times

ရန်ကုန်၊ မေ ၃၀ ။        ။ ဒါရိုက်တာ ဝိုင်းရိုက်ကူးထားသည့် နေဝင်အိပ်တန်းတက် ရုပ်ရှင်ဇာတ်ကားတွင် မေကြာဖြူ ဇာတ်ရုပ်နေရာက ပါဝင်သရုပ်ဆောင်ထားသော ပိုင်ဖြိုးသုကို ဇာတ်ကားရိုက်ကူးစဉ် အတွေ့အကြုံများနှင့် ဇာတ်ကားရုံတင်ချိန်တွင် သူမမှျှော်လင့်ထားသည့် အချက်များ တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြပေးလိုက်ပါတယ်။
အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ဝိုင်းရိုက်ကူးပြီး သရုပ်ဆောင် ပြေတီဦး၊ ထွန်းအိန္ဒြာဗိုနှင့် ပိုင်ဖြိုးသုတို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး ဇွန် ၂ ရက်မှ စတင်၍ ရုပ်ရှင်ရုံများတွင် ပြသတော့မည်ဖြစ်သည်။

မေး။    ။ ဒီကားရိုက်တုန်းက ကြုံတွေခဲ့ရတဲ့ အခက်အခဲတွေက ဘာတွေဖြစ်မလဲ။
ဖြေ။     ။ နေဝင်အိပ်တန်းတက်က တော်တော်ကြိုးစားခဲ့ရတယ်။ ကာရိုက်တာအားဖြင့်လည်း ညီမအတွက် အသစ် ပေါ့နော်။ အသစ်ဆိုတာက ကိုယ်မလုပ်တတ်တဲ့ကာရိုက်တာတစ်ခုဖြစ်တယ်။ ရိုက်တဲ့အချိန်မှာ တော်တော်ကို ကြိုးစားအားထုတ်ခဲ့ရပါတယ်။

မေး။    ။ ဒီဇာတ်ကားမှာ တကယ့်ဝါရင့်တွေနဲ့အတူ သရုပ်ဆောင်ခဲ့ရတာဆိုတော့ စိုးရိမ်စိတ်ဖြစ်ခဲ့ရတာမျိုး တွေရော ရှိခဲ့လား။
ဖြေ။     ။ အမှန်အတိုင်းပြောရရင် ဝါရင့်တွေနဲ့အတူ သရုပ်ဆောင်ခဲ့ရတဲ့အတွက် ညီမအတွက် အရမ်းကောင်းခဲ့ တယ်။ ပညာတွေအများကြီးရခဲ့တယ်။ အရမ်းလက်တွဲခေါ်ပေးတယ်။ စိတ်ရှည်ပေးတယ်။ ကိုယ်မသိတာတွေလည်း သင်ပေးတယ်။ အဲဒီကားရိုက်တုန်းက အများကြီး ညီမကိုစောင့်ရှောက်ခဲ့ကြပါတယ်။ အဲဒီအတွက် ကိုဝိုင်း၊ ကိုပြေတီ၊ မခိုင်ကြီးတို့ကို ညီမ အရမ်းလည်းကျေးဇူးတင်တယ်။

မေး။    ။ ပရက်စ်ရှိုး ပြန်ကြည့်တဲ့အခါမှာရော ကိုယ်သရုပ်ဆောင်ခဲ့တဲ့ မေကြာဖြူဆိုတဲ့ဇာတ်ရုပ်အပေါ်မှာ အားရကျေ နပ်မှုဖြစ်မိရဲ့လား။
ဖြေ။     ။ အားရတဲ့အခန်းတချို့ရှိသလို၊ အားမရတဲ့အခန်းတွေလည်း ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီမကိုယ့်ကားကို ပြန်ကြည့်ရင် ကိုယ့်ကိုယ်ကို မကြိုက်တာများတယ်။ ဒီအခန်းမှာ ဒီလိုလေး လုပ်ရင် ပိုကောင်း မယ်ပေါ့။ ညီမကျတော့ ဝါလည်းနုသေးတော့။ ကိုယ့်စိတ်ထဲမှာခံစားလိုက်ရတဲ့ ဖီလင်အတိုင်းလုပ်တာ။ ဒါပေမဲ့ တကယ်တမ်း သရုပ်ဆောင်တဲ့ပညာမှာကျတော့ ကိုယ့်စိတ်ထဲက ခံစားမှု ဖီလင်အပြင် ထပ်ပြီးတော့ လုပ်ရတာ မျိုးတွေရှိတယ်။ သမ္ဘာတကယ်ရှိတဲ့ ဝါရင့်ကြီးတွေနဲ့ ညီမတို့နဲ့ကွာသွားတာ။ ဒီကားမှာဆိုလည်း ကိုပြေတီတို့၊ မခိုင်ကြီးတို့က ခံစားချက်တွေကို ဘယ်လိုထိန်းရမယ်။ ဘယ်လိုပြောင်းရမယ်ဆိုတာ သိကြတယ်။ ညီမတို့ကျတော့ အဲဒီပညာ နည်းတယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုအားမလိုအားမရဖြစ်တာရှိနေတုန်းပဲ။

မေး။    ။ နေဝင်အိပ်တန်းတက်က ကိုယ့်အတွက် မှတ်တိုင်တစ်ခုအနေနဲ့ဖြစ်လာမယ်လို့ မျှော်လင့်မိတာမျိုးရောရှိ လား။
ဖြေ။     ။ကိုယ့်အတွက် အဓိကမျှော်လင့်တာဆိုရင်တော့ ပရိသတ်အသိအမှတ်ပြုမှုပါပဲ။ တကယ်တမ်းပြောရရင် ကိုယ့်အတွက် မကျွမ်းကျင်တဲ့ ဇာတ်ရုပ်တစ်ခုမှာ သရုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက် အတတ်နိုင်ဆုံးကြိုးစားခဲ့ပါ တယ်။ ဒီကားကိုကြည့်ပြီး ပရိသတ်တွေက ပိုင်ဖြိုးသုကြိုးစားထားတယ်ဆိုတဲ့ အသိအမှတ်ပြုမှုရရင်ပဲ ညီမ အတွက် မှတ်တိုင်တစ်ခုဖြစ်သွားပါပြီ။ ကျန်တာ ကြီးကြီးမားမားမျှော်လင့်ချက် ဘာမှမရှိပါဘူး။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

MMK

Leave a Reply