News Federal Times

ရန်ကုန်၊ မေ  ၆ ။      ။ ရန်ကုန်မြို့တွင်း သွားလာမှုအဆင်ပြေ ချောမွေ့စေရေးအတွက် Water Bus ပြေးဆွဲခြင်းစီမံကိန်းကို လွှတ်တော်သို့ အသိပေးခြင်းမရှိပါက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဦးကျော်ဇေယျက လွှတ်တော်တွင် အဆိုတင်သွင်းကန့်ကွက်သွားမည်ဟု ၎င်း က ပြောသည်။
ဇွန်တွင် စတင်ပြေးဆွဲမည့် Water Bus စီမံကိန်းနှင့်ပတ်သက်ပြီး လွှတ်တော် သို့ အသိပေးတင်ပြခြင်းမရှိဘဲ တိုင်းဒေသ ကြီးအစိုးရ ဆုံးဖြစ်ချက်တစ်ခုတည်းဖြင့်လုပ်ဆောင်ခြင်းဖြစ်သောကြောင့် ကန့် ကွက်ရန်ဖြစ်လာကြောင်း ဦးကျော်ဇေယျ က ပြောသည်။
၎င်းက “ကျွန်တော်တို့ လွှတ်တော် ပြန်စတဲ့အခါမှာ ဒါနဲ့ပတ်သက်ပြီး ဘယ်လို လုပ်မယ်ဆိုတာ တိုင်ပင်ပြီး တစ်ခုခုတော့ လုပ်ဖို့ရှိတယ်”ဟု ဆိုသည်။
လက်ရှိတွင်Water Busပြေးဆွဲခွင့် တင်ဒါအောင်ထားသည့် Tint Tint Myanmar Group ကုမ္ပဏီဥက္ကဌ ဒေါ်တင့် တင့်လွင်အနေဖြင့် လွှတ်တော်သို့ လာရောက် ဆွေးနွေးရန် ကုမ္ပဏီသို့အကြောင်းကြားခဲ့ ရာ ကုမ္ပဏီဘက်မှလည်း  လက်ခံသည့်အနေ အထားရှိကြောင်းလည်း ၎င်းကပြောကြား သည်။
“ကျွန်တော်တို့ ကိုယ်စားလှယ်တွေ နဲ့ ပြည်သူကို အသိမပေးဘဲလုပ်ရင် YBS လိုဘဲ အခက်အခဲတွေဖြစ်လာနိုင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။
ရန်ကုန်မြို့ Uniteam Office Tower တွင် မေ ၅ ရက်နေ့က Water Bus ပြေး ဆွဲခြင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ဇွန်လဒုတိယပတ် သို့မဟုတ် တတိယ အပတ်တွင် စတင်ပြေးဆွဲသွားမည်ဖြစ် ကြောင်း  Tint Tint Myanmar Group ကုမ္ပဏီဥက္ကဌ ဒေါ်တင့်တင့်လွင်ကပြော သည်။


Water Bus ကို လှိုင်သာယာ-အင်း စိန်-ဗိုလ်တထောင်တွင် ဆိပ်ကမ်းရှစ်ခု၊ သန် လျင် Star City တွင် ဆိပ်ကမ်းငါးခုနှင့် ပုဇွန်တောင်(ညောင်တန်း) မြောက်ဒဂုံထိ ဆိပ်ကမ်းရှစ်ခုမှ ဆယ်ခု သတ်မှတ်ပြေး ဆွဲသွားမည်ဖြစ်သော်လည်း ကနဦးအနေ ဖြင့် လှိုင်သာယာ-အင်းစိန်-ဗိုလ်တထောင် လမ်းကြောင်းသာ စတင်ပြေးဆွဲသွားမည် ဖြစ်ပြီး ရပ်နားမည့်ဆိပ်ကမ်းရှစ်ခုရှိကြောင်း ၎င်းကဆက်ပြောကြားသည်။
လမ်းကြောင်းပြေးဆွဲမှုအတွက် လူဦး ရေ ၁၂၀ မှ ၂၀၀ ဆန့် Water Bus ၁၆ စီး သို့မဟုတ် ၁၈ စီး ပြေးဆွဲသွားမည် ဖြစ်ပြီး လက်မှတ်ခများအနေဖြင့် ခရီးစဉ် အစမှအဆုံးထိ ငါးရာကျပ်ကျသင့်မည် ဖြစ်ကာ ခရီးစဉ်တစ်ခု၊ နှစ်ခုစီးခြင်းအတွက် ၃၀၀ကျပ် ကျသင့်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပြေးဆွဲမည့်ခရီးစဉ်အစမှ အဆုံးဖြစ် သည့် လှိုင်သာယာမှ ဗိုလ်တထောင်ဆိပ် ကမ်းအထိ တစ်နာရီနှင့် မိနစ်နှစ်ဆယ် ကြာမြင့်မည်ဖြစ်ပြီး မိနစ်နှစ်ဆယ်ခြား တစ်စီးပြေးဆွဲသွားမည်ဖြစ်ပြီး မနက် ခြောက်နာရီမှ ညနေခြောက်နာရီခွဲအထိ ပြေးဆွဲသွားမည်ဖြစ်ကြောင်းဒေါ်တင့်တင့်လွင် က ပြောကြားသည်။
ယင်းပြေးဆွဲမည့် Water Bus  သင်္ဘောများကို ထိုင်းနိုင်ငံနှင့်သြစတြေးလျ နိုင် ငံမှ မှာယူတင်သွင်းခြင်းဖြစ်ပြီး အချို့ သင်္ဘောများကို မြန်မာနိုင်ငံတွင်ပင် တည် ဆောက်နေသည်ဟု ၎င်းက ဆိုသည်။

MMK

Leave a Reply