News Federal Time

ရန်ကုန်၊ မေလ(၉)ရက် ။      ။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း(၄၀၀) အသုံးပြု၍ စပါးအဓိကစိုက်ပျိုး သည့် မြို့နယ်ပေါင်း(၃၃)မြို့နယ်တွင် လယ်ယာဝန်ဆောင်မှုစင်တာများ တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းအသင်းမှ သိရသည်။
အဆိုပါ စင်တာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ ၄ နှစ်အတွင်း အ ကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်မှုလယ်ယာဝန်ဆောင်မှုများ၊ သီးနှံအခြောက်ခံစက်များ၊ သီးနှံသိုလှောင်ရုံများနှင့် ဓါတ်မြေသြဇာဖြန့်ဖြူးရေးကိစ္စရပ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“ဆန်စပါးကဏ္ဍအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း(၄၀၀)နဲ့ ပြည်တွင်း စပါးအဓိက စိုက်ပျိုးတဲ့ မြို့နယ် ပေါင်း(၃၃)မြို့နယ်မှာ လယ်ယာဝန်ဆောင်မှုစင်တာ တည်ဆောက်ရေးစီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပါပြီ။” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။


လယ်ယာဝန်ဆောင်မှုစင်တာ တည်ဆောက်ရေးစီမံကိန်းတွင် တောင်သူလယ်သမားများအား မျိုးကောင်းမျိုး သန့်များ ထုတ်လုပ်ဖြန့်ဖြူးရေး၊ ရိတ်သိမ်းပြီးနောက်ပိုင်း လယ်ယာထွက်ကုန်သီးနှံများ သိုလှောင်ရန် ခေတ်မီသို လှောင်ရုံများနှင့် အခြောက်ခံစက်များ တည်ဆောက်တပ်ဆင်ဝန်ဆောင်မှုပေးရေး၊ ကောက်ရိတ်စက်များ၊ ထွန် စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များစသည့် စက်မှုလယ်ယာဝန်ဆောင်မှုပေးရေး၊ ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်ရေး၊ စပါးသန့်စင်ကြိတ်ခွဲခြင်းနှင့် စပါးခွံမှ လျှပ်စစ်ထုတ်လုပ်ခြင်းတို့ကို ဝန်ဆောင်မှုပေးသွားမည်ဖြစ် ကြောင်း သိရသည်။
“လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နံှနဲ့ ပတ်သက်ရင် နိုင်တကာ ရင်းနှီးမြှုပ်နံှမှုရော ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုရော အရမ်း အားနည်းနေတယ်။ အားနည်းရတဲ့အကြောင်းအရင်းကလည်း အကျိုးအမြတ်နည်းပါးပြီးတော့ ဆုံးရှုံးနိုင်ခြေများ လို့ ဖြစ်ပါတယ်။ အဲ့ဒါတွေကို ကျော်လွှားနိုင်မှ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုကို လျော့ချနိုင်မှာဖြစ်တယ်။”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးချစ်ခိုင်က ပြောသည်။
ထိုသို့ Service Center တည်ဆောက်ရာတွင် ကုန်မည့်ကုန်ကျစရိတ်များအား မတည်ရင်းနှီး၍ မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်၏ အသင်းဝင်ပုဂ္ဂလိက ကုမ္ပဏီများ၊ MAPCO၊ မြန်မာနှင့် နိုင်ငံခြားဖက်စပ်(JV)ကုမ္ပဏီများတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဦးဆောင်မှုဖြင့် စီမံကိန်းလုပ်ငန်းများကို သက် ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မြေယာအသုံးချနိုင်ရေးကိစ္စရပ်များ အပါအဝင်ဆောင်ရွက်ခွင့် ခွင့်ပြု မိန့်ရရှိရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးသင့်ကြောင်း သိရသည်။


Service Center များကို ဧရာဝတီတိုင်းဒေသကြီးတွင် ၉ နေရာ၊ ပဲခူးတိုင်းဒေသကြီးတွင် ၇ နေရာ၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ၆ နေရာ၊ ရခိုင်ပြည်နယ်တွင် ၃ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ နေရာ၊ မွန်ပြည်နယ်တွင် ၁ နေရာ၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ နေရာ၊ ရှမ်းပြည်နယ်တွင် ၁ နေရာ၊ ကရင်ပြည်နယ်တွင် ၁ နေရာ နှင့် မကွေးတိုင်းဒေသကြီးတွင် ၁ နေရာစသည့်တို့တွင် အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MMK

Leave a Reply