ပေါ်လွင်မှုရော နက်ရှိုင်းမှုပါ စုံလင်တဲ့ အိန္ဒိယ

“အိန္ဒိယနိုင်ငံဆိုတာ လူသားမျိုးနွယ်စု အစပျိုးရာအရပ်၊ လူသားဘာသာစကားတို့ မွေးဖွားရာ၊ သမိုင်းမိခင်၊ ဂန္ထဝင်တို့ရဲ့အဘွား၊ ယဉ်ကျေးမှုတို့ရဲ့ ဘွားအေကြီးဖြစ်တယ်” လို့ အမေရိကန် စာရေးဆရာ၊ စွန့်ဦးတီထွင်သူ တစ်ယောက်ဖြစ်တဲ့ Mark Twain က တင်စားခဲ့ပါတယ်။

ဒီလို တန်ဖိုးအရှိဆုံးသော အရာတွေနဲ့ နှိုင်းပြုခြင်းခံရတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့အပြင် ခိုင်မာတဲ့ သမိုင်းမှတ်တမ်းတွေကလည်း အိန္ဒိယနိုင်ငံရဲ့တန်ဖိုးကို ပိုမိုမြင့်မားစေတဲ့အရာတွေပါပဲ။ အိန္ဒိယနိုင်ငံရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေ၊ မှတ်တမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

 ကမ္ဘာ့အကြီးဆုံးရေပေါ်စာတိုက်

ကမ္ဘာ့အကြီးဆုံးရေပေါ်စာတိုက်ဟာ အိန္ဒိယနိုင်ငံမှာ တည်ရှိပါတယ်။ အဲ့ဒီရေပေါ်စာတိုက်က ကမ္ဘာ့စာတိုက်ပေါင်း တစ်သိန်းငါးသောင်းကျော် နဲ့ ဆက်သွယ်ထားလျက်ရှိပါတယ်။ ရေပေါ်စာတိုက်က Dal lake, Srinagar မှာ တည်ရှိပြီးတော့ 2011 August မှာ အခမ်းအနားဖွင့်လှစ်ခဲ့တာပါ။

 Kumbh Mela ပွဲတော်

၂၀၁၁ ခုနှစ် Kumbh Mela ပွဲတော် က ၇၅သန်းကျော်သော ခရီးသွားပရိတ်သတ်တွေ စုဝေးခဲ့တဲ့ အရမ်းကို ကြီးမားတဲ့ ပွဲတော်ကြီးတစ်ခုပါ။ ဘယ်လောက်တောင်လူတွေများပြားထူထပ်စွာ ပါဝင်ဆင်နွှဲကြသလဲဆိုရင် အာကာသထဲကနေတောင် ဒီလူအုပ်ကြီးကိုမြင်ရတဲ့ အထိပါပဲ။

 မိုးရေချိန်စံချိန်တင်တဲ့ Mawsynram ရွာလေး

Khasi တောင်ပေါ်မှာရှိတဲ့ Mawsynram ရွာလေးဟာဆိုရင် ကမ္ဘာ့မိုးရေချိန်မှတ်တမ်းတွေမှာ မိုးရွာသွန်းမှုအမြင့်မားဆုံး စံချိန်တင်စာရင်းထဲမှာပါဝင်တဲ့ ရွာလေးတစ်ရွာပါ။ Meghalaya ရဲ့ အပိုင်းတစ်ခုဖြစ်တဲ့ Cherraounji ဆိုရင်လည်း 1861 ရဲ့ မိုးရေချိန်အများဆုံး စံချိန်တင်ခဲ့တဲ့ မြို့တစ်မြို့ပါပဲ။

 Bandra Worli Sea link တံတား

အာရေဘီယမ်ပင်လယ်ထဲက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Mahim ပင်လယ်အော်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ Bandra Worli Sea link တံတားဟာ အိန္ဒိယနိုင်ငံရဲ့ သမိုင်းဝင်တံတား တစ်ခုပါပဲ။ ဒီတံတားကိုတည်ဆောက်ထားတဲ့ စတီးနန်းကြိုးတွေ တပ်ဆင်ပြီးစီးဖို့ အချိန်နာရီပေါင်း 2, 57, 00,000 (၂၅၇သိန်း) အချိန်ယူခဲ့ရပါတယ်။ ဒီအလေးချိန်က အာဖရိကဆင်အကောင်ရေ ၅သောင်းကျော်ရဲ့ အလေးချိန်နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အမြင့်ဆုံး ခရစ်ကတ်ကစားကွင်း

အမြင့် ၂၄၄၄ မီတာ ရှိတဲ့ ခရစ်ကတ်ကစားကွင်းက Himachal Pradesh မှာတည်ရှိပြီးတော့ ကမ္ဘာ့အမြင့်ဆုံးပါ။ အဲ့ဒီကစားကွင်းကို 1893 မှာ တည်ဆောက်ခဲ့ပြီးတော့ Chail တပ်မတော်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

 အိန္ဒိယနိုင်ငံမှ ဆင်းသက်လာသောစကား Shampoo

Shampoo ဆိုတာအိန္ဒိယနိုင်ငံမှာ စတင်ခဲ့တာ ဖြစ်ပြီးတော့ စီးပွားဖြစ်ထုတ်လုပ်တဲ့ အရည်တွေမဟုတ်ဘဲ ဆေးဖက်ဝင်အပင်တွေနဲ့ ပြုလုပ်ထားတာပါ။ Shampoo ဆိုတဲ့ စကားက Sanskrit စကားလုံး champo က နေ ဆင်းသက်လာပြီးတော့ အညောင်းအညာပြေအောင် နှိပ်နယ်ပေးတယ်လို့ အဓိပ္ပါယ်ရပါတယ်။

သမ္မတ Dr Rajendra Prasad

Dr Rajendra Prasad က အိန္ဒိယနိုင်ငံရဲ့ သမ္မတဖြစ်လာတဲ့အခါမှာ သူ့လစာရဲ့ ၅၀% ကိုပဲ ယူခဲ့ပြီးတော့ ဒီလောက်ပဲလိုအပ်တယ်လို့ ပြောခဲ့တဲ့သမ္မတပါ။ သမ္မတသက်တမ်း ၁၂နှစ်လောက်ကြာလာတဲ့အခါ လစာရဲ့ ၂၅%ကိုပဲ ယူခဲ့ပါတယ်။

Written by Audrey Chann

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.